ယနေ့နေ့လည်ပိုင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ကျောက်တန်းကားဂိတ်တွင် ခရီးသည်တင်ယာဉ်လိုင်းများ ဥပဒေသစ်အရ တိုးမြှင့်လိုက်သော ဒဏ်ကြေးများကို လက်မခံဘဲ သပိတ်မှောက်သည့် ရန်ကုန်-ကျောက်တန်း(သန်လျှင်) ပြေးဆွဲသည့် ယာဉ်လိုင်းလုပ်သားများက သပိတ်မမှောက်ဘဲ ပြေးဆွဲမည့်ယာဉ်များအား ထုချေမည်၊ ဖျက်ဆီးမည်ဟု ယာဉ်လိုင်းအတွင်း အချင်းချင်း ပဋိက္ခများဖြစ်ပေါ်နေကြောင်း အဆိုပါ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ဥပဒေသစ်အရ ယာဉ်စည်းကမ်းဖောက်ဖျက်သူများကို ဒဏ်ကြေး ၁၅၀၀ ကျပ်မှ ၃ သောင်း ကျပ်ထိ ပေးဆောင်ရန် တိုးမြှင့်ခဲ့သည်။ ဘတ်စ်ကားများ သပိတ်မှောက်မှုကြောင့် သံလျင်ရှိ တက္ကသိုလ်များတွင် စာမေးပွဲဖြေဆိုနေကြသော ကျောင်းသားများအပါအဝင် ခရီးသည်များ အခက်အခဲတွေ့နေရကြောင်း သတင်းရရှိပါသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။