ထိုင်းနိုင်ငံအတွင်း အပူပိုင်းမုန်တိုင်း ဗင်ကို ဝင်ရောက်သည့်အတွက် ချွန်ဘူရီ အပါအဝင် ပြည်နယ် ၅ခုကို ဘေးအန္တရာယ်ကျရောက်နေသည့် ဒေသများအဖြစ် အစိုးရက ယနေ့ကြေညာလိုက်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနက ချန်သဘူရီ၊ ချွန်ဘူရီ၊ ဆီဆကဲ့၊ ဆူရင်နှင့် တပ်ခ် ပြည်နယ်များရှိ မြို့နယ် ၁၄မြို့နယ်ကို ဗင်ကိုမုန်တိုင်းကြောင့် မိုးကြီးကာ ရေကြီးသည့်အတွက် အပျက်အစီးများရှိကြောင်း ထို့အတွက် ရေဘေးဒဏ်သင့်ပြည်သူများကို ကူညီရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။