• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

မြန်မာတဦး ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေစဉ် အကျဉ်းထောင်တွင်း သေဆုံး

by ခင်ဦးသာ
18 September 2015
in Human Rights
A A
မဟာချိုင် , ထိုင်းရဲ, မြန်မာနိုင်ငံသား

ထိုင်းရဲတပ်ဖွဲ့က ဗုံးဟု ယူဆသည့် ခဲသီး(ဓာတ်ပုံ - ကိုရဲမင်း-RTF)

5.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ မဟာချိုင်ဒေသ၌ နေထိုင်သည့် မြန်မာနိုင်ငံသား တဦးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အကျဉ်း ထောင်တွင်း သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၄ ရက်က ထိုင်းနိုင်ငံ မဟာချိုင်ဒေသ၌ နေထိုင်နေသည့် မြန်မာနိုင်ငံသားဖြစ်သူ ဦးခင်မောင် (အသက် ၆၁ နှစ်) ၏ နေအိမ်သို့ ထိုင်းရဲတပ်ဖွဲ့ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးစဉ် ငါးဖမ်းပိုက်တွင် အသုံးပြုသည့် ခဲသီးအား ရှာဖွေတွေ့ရှိကြောင်း၊ ထို ခဲသီး ကို ဗုံးဟုယူဆပြီး ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် စက်တင်ဘာ ၁၆ ရက်၌ သေဆုံးသွားသည်ဟု အကြောင်းကြားလာကြောင်း ဦးခင်မောင် ၏ သမီးဖြစ်သူ မလဲ့လဲ့က ဧရာဝတီကို ပြောပြသည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
11
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
44
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
241

“ဖမ်းသွားတာက ၄ ရက် ကတည်းကပါ။ ၁၆ ရက်မှ အဖေဆုံးသွားပြီလို့ ရဲစခန်းက အကြောင်းကြားတယ်။ အဖေဘာကြောင့် သေ ဆုံး သွားရတာလဲလို့ မေးတော့ နှလုံး၊ အဆုတ် မကောင်းလို့ အသက်ရူ ကြပ်ပြီး ဆုံးသွားတာလို့ ပြောပါတယ်။ အဖေ့ကို ဖမ်းသွားတဲ့ ရက်က ဘတ်ငွေ ၁၄,၆၀၀ နဲ့ တယ်လီဖုန်း တလုံးပါ ရဲတွေက သိမ်းယူသွားတယ်”ဟုလည်း မလဲ့လဲ့က ပြောသည်။

ဦးခင်မောင်သည် နောက်ကျောကုန်း ခွဲစိပ်ခံထားရသူဖြစ်ပြီး၊ ကျန်းမာရေး မကောင်းသည့်အတွက် ဆေးဝါးကုသရန် ထိုင်းနိုင်ငံသို့ ၂၀၁၅ ခုနှစ် မတ်လကတည်းက ရောက်ရှိကာ သမီးဖြစ်သူနှင့် နေထိုင်ကြောင်း၊ ပန်းရောင် အလုပ်သမားကတ်ဖြင့် တရားဝင် နေထိုင် နေခြင်း ဖြစ်ကြောင်းနှင့် ဦးခင်မောင်အား ဖမ်းဆီးသည့်ရက်က ၎င်းတို့၏ အိမ်နီးချင်း မြန်မာတချို့ကိုလည်း တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးသွားကြောင်း မလဲ့လဲ့က ဆက်ပြောသည်။

ဘန်ကောက်မြို့၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထိုင်းအာဏာပိုင်များက မသင်္ကာသူများအား နိုင်ငံတဝန်း ရှာဖွေနေ ကြောင်း၊ ထို့အတူ တရားမဝင် နေထိုင်သူများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများအား ထိုင်းရဲက ရှာဖွေဖမ်းဆီးစဉ် ဦးခင်မောင်၏ အိမ်ကို လည်း လာရောက်ရှာဖွေခံရခြင်းဖြစ်ကာ ယခုကဲ့သို့ လူသေဆုံးမှု ဖြစ်ပေါ်လာရသည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)၏ မဟာချိုင်ဒေသ တာဝန်ခံ ဦးခိုင်ကြီးက ဧရာဝတီကို ပြောပြသည်။

“ဦးခင်မောင်ကို ဖမ်းတုန်းက ယူသွားတဲ့ ဘတ်တသောင်းကျော်နဲ့ တယ်လီဖုန်းကို ပြန်ရချင်တယ်လို့ ကျနော်တို့က ရဲစခန်းမှာ တင်ပြ တော့ အထောက်အထား ရှိလား။ CCTV မှတ်တမ်းရှိလား ဆိုပြီးတော့ ပြောတယ်။ ပြီးတော့ကာယကံရှင် ကိုယ်တိုင်က တင်ပြမှရမယ် တဲ့။ ကာယကံရှင်က သေဆုံးသွားပြီဆိုတော့ ကျနော်တို့က လုပ်ရတာ အခက်အခဲ ဖြစ်နေတယ်”ဟုလည်း ၎င်းက ပြောသည်။

ဦးခင်မောင် သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ညှဉ်းပန်းနှိပ်စက် ခံရခြင်းရှိမရှိ ဆိုသည်ကို အတိအကျ မသိရသော်လည်း နှိပ်စက်ခံရ သည့် ဒဏ်ရာ လက္ခဏာများကို မတွေ့ရှိရကြောင်း ဦးခိုင်ကြီးက ပြောဆိုသည်။

သေဆုံးသူ ဦးခင်မောင်သည် လှေသမားတဦးဖြစ်ပြီး တနင်္သာရီတိုင်း ထားဝယ်မှလာရောက်ခြင်း ဖြစ်ကြောင်းနှင့် တရားဝင်လက်မှတ် ဖြင့် ထိုင်းနိုင်ငံ၌ နေထိုင်စဉ် သေဆုံးသောကြောင့် ထိုင်းနိုင်ငံ၏ ဥပဒေအရ အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သေဆုံးသူသည် မတရားစွပ်စွဲ ဖမ်းဆီးခံရပြီး သေဆုံးသွားရသည့်အတွက် နစ်နာဆုံးရှုံးမှု အပြည့်အ၀ ရရှိရန် ကူညီပေးသွားမည်ဟု ဦးခိုင်ကြီးက ပြောသည်။

ထိုင်းအာဏာပိုင်များက ခဲသီးသည် ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာတွင် အသုံးပြုနိုင်သည့် ပစ္စည်းတခုဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောသည်ဟုလည်း ဆိုသည်။

လက်သီးဆုပ်ခန့်ရှိ ထိုခဲသီးသည် ကလေးများကစားရာတွင် အသုံးပြုလေ့ရှိသည့်အတွက် ကလေးများဆီက တောင်းယူထားခြင်း ဖြစ် ကြောင်း၊ မလဲ့လဲ့ ၏ အမျိုးသားသည် တံငါအလုပ် လုပ်ကိုင်သည့်အတွက် ငါးဖမ်းပိုက်တွင် အသုံးပြု၍ ရသည်ဟုဆိုပြီး အိမ်၌ သိမ်းဆည်းထားခြင်း ဖြစ်ကြောင်း မလဲ့လဲ့က ပြောဆိုသည်။

သေဆုံးသူ ဦးခင်မောင်၏ ရုပ်အလောင်းကို လာမည့် စက်တင်ဘာ ၂၀ ရက်တွင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

Your Thoughts …
Tags: Border
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

နာဂသည် ချင်းမဟုတ်

နာဂသည် ချင်းမဟုတ်

by ထက်နိုင်ဇော်
12 March 2013
3.6k

နာဂလူမျိုးများကို ချင်းလူမျိုးများ ထဲတွင် ထည့်သွင်း ဖော်ပြမှုသည် တိုင်းရင်းသား စည်းလုံး ညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

အာရှ လမ်းမကြီး, ဝန်ကြီးချုပ် ဦးဇော်မင်း, KNU, BGF

အာရှ လမ်းမကြီး ဖွင့်မည့်ရက် ရွှေ့ဆိုင်း

by ကျော်ခ
20 July 2015
7.3k

ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြဝတီမြို့အကြား အာရှလမ်းမကြီးကို ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ ပူးတွဲ ဖွင့်လှစ်ရန် သတ်မှတ် ရက် ရောက်လာပြီ ဖြစ်သော်လည်း အခြေအနေအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သတင်း ရရှိသည်။

တရုတ်, ကိုးကန့်,့တပ်မတော်

တရုတ်နယ်စပ် ကျော်ပြီး လောင်တဲ့ ကိုးကန့်စစ်မီး ဘယ်လိုငြှိမ်းမလဲ

by ရဲနည်
19 March 2015
6.5k

ဆင်ဟွာ သတင်း အေဂျင်စီရဲ့ အာဘော် တစောင်မှာ အခု တရုတ် နိုင်ငံဘက် ကျရောက်ခဲ့တဲ့ ဗုံးကိစ္စဟာ “စစ်မီးတွေ ဖိတ်စင်လာတာကို ရှောင်လွှဲဖို့ နယ်စပ် ဒေသတကြော ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအာမခံချက် သန္နိဋ္ဌာန်ကို လေးစားဖို့ မြန်မာအတွက်...

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

by ပက်ထရစ်ဘိုးလား
26 February 2013
8.3k

တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့် တင်ဆောင်လာသည့် ယာဉ်တစီးကို ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက်...

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြန်ဖောက်မှု ရှေ့နှစ်တွင် စမည်

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြန်ဖောက်မှု ရှေ့နှစ်တွင် စမည်

by မေစစ်ပိုင်
25 December 2012
8.5k

ဒုတိယ ကမ္ဘာစစ်အတွင်း လူ့အသက်ပေါင်းများစွာ စတေးကာ ဖောက်လုပ်ခဲ့သော မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်းကို လာမည့်နှစ် အတွင်း ပြန်လည်ပြုပြင် ဖောက်လုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် တံခါးပေါက်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

Next Post
ငါ့ကားငါမောင်း မြောင်းထဲ ရောက်ရောက်

ငါ့ကားငါမောင်း မြောင်းထဲ ရောက်ရောက်

ရွေးကောက်ပွဲ , ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ, ဦးကျော်မင်း

“နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲ၊ ဦးနှောက်အပြောင်းအလဲ မြန်မာနိုင်ငံမှာ ရှိဖို့လိုတယ်”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate