ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာ ဂျိုလီဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မနေ့က တွေ့ဆုံပြီး ခမာနီလက်ထက် အသက်မသေပဲကျန်ခဲ့သူ လောင်းအန်း ရေး သားတဲ့ ကိုယ်တွေ့အဖြစ်အပျက် စာအုပ်ကို မူတည်ကာ ရိုက်ကူးမယ့် First They Killed My Father ဇတ်ကားနဲ့ ပတ်သက်လို့ ဆွေးနွေးကြောင်း The Cambodia Daily သတင်းစာက ဆိုပါတယ်။
သူမအနေနဲ့ ဒီရုပ်ရှင်မှာ ခမာနီတွေရဲ့ ရက်စက်မှုကို ပြချင်တာထက် ကမ္ဘောဒီးယားယဉ်ကျေး မှုကို သိဖို့ ရုပ်ရှင်ပရိတ်သတ်ကို အထူးပြုပြချင်တာဖြစ်ကြောင်း ပြောဆို ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ကိုယ်ရေးအရာရှိ Eang Sophalleth ကဆိုပါတယ်။
“ ဒီရုပ်ရှင်ဟာ အင်ဒိုချိုင်းနားပြည်တွင်းစစ်အတွင်းက မိန်းကလေးတွေရဲ့ ဘဝကို ထင်ဟပ်စေ မှာဖြစ်သလို ခေတ်ကိုသာမက ကမ္ဘောဒီးယားက လူတွေ၊ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံ၊ မိသားစုတွေရဲ့ အနေအထိုင်တွေကို ပါ ထင်ဟပ်စေမှာဖြစ်တယ်၊ အထူးသဖြင့် မိဘတွေရဲ့ သားသမီးတွေအပေါ်ထားရှိတဲ့ အချစ်ကိုပါ ဖော်ကျူးမှာ ဖြစ်တယ်လို့ Eang Sophalleth ကပြောပါတယ်။
ဒီရုပ်ရှင်ကို ၂၀၁၆ခုနှစ်မှာ အွန်လိုင်းကုမ္ပဏီတခုဖြစ်တဲ့ Netfilx ကနေ ထုတ်လွှင့်ပြသမှာဖြစ်ပြီး၊ ကမ္ဘောဒီးယား ရုပ်ရှင်ကုမ္ပဏီ Rithy Panh နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
ဒါအပြင် မင်းသမီးဂျိုလီဟာ Battambang ဒေသမှာရှိတဲ့ ဆမ်လော့မြစ်ကို ပိတ်ကာ ရေအားလျှပ်စစ်ထုတ်လုပ် မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးဆွေးနွေးသလို၊ ဆမ်လော့သစ်တောဧရိယာနဲ့ သဘာဝရင်းမြစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် ပိုမိုပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ သဘောတူတယ်လို့ သိရပါတယ်။