လာမည့် နိုဝင်ဘာရွေးကောက်ပွဲ ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက် မူဝါဒမှာ မိမိနိုင်ငံ၊ မိမိဒေသအတွက် ကောင်းအောင်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါး အား သိရှိနားလည်စောင့်ထိန်း နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊အုပ်ချုပ်ရေး၊ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော်အပေါ်နားလည်မှုရှိသူဖြစ်စေလိုကြောင်း၊ တပ်မတော်ပိုင်းဆိုင်ရာတွင် လွတ်လပ်ပြီး တရားမျှတရမည်ဖြစ်သကဲ့သို့ တနိုင်ငံလုံး အတိုင်းအတာအရလည်း ဖြစ်စေချင်ကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန် ကာလများသည် အရေးကြီး၍ တပ်မတော်နှင့်ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် သော စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။