Microsoft ကုမ္ပဏီသည် ကမ္ဘောဇဘဏ်နှင့် ပူးပေါင်းကာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ကမ္ဘာ့အဆင့်အတန်းမှီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်ရန် သဘောတူ စာချုပ် လက်မှတ်ရေးထိုးလိုက်သည်၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကမ္ဘောဇဘဏ်သည် ကမ္ဘာ့အဆင့်မှီ ဘဏ်ဝန် ဆောင်မှု လုပ်ငန်းစွမ်းဆောင်ရည်လည်း မြင့်မားလာမည်ဖြစ်သည်။
Microsoft ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ဝင်ရောက်လာခြင်း ဖြစ်ပြီး၊ ကမ္ဘောဇဘဏ်(KBZ) ဘဏ်ကိုသာ ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်လည်း တက်ရောက်ခဲ့သည်။