ဘန်ကော်ဗုံးခွဲမှု၌ သံသယရှိသူ ဘင်္ဂလားဒေ့ရှ် နိုင်သားနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မြန်မာအစိုးရထံ ထိုင်းရဲတပ်ဖွဲ့က အကူအညီတောင်းကာရှာဖွေနေကြောင်း Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။
ဆာထောင်းတံတားတွင် ဗုံးဖောက်ခွဲရန် ကြံစည်သည့် အပြာရောင်တီရှပ်နှင့်သူမှာ Zubair Abdullahဆို သူပင်ဖြစ်ပြီး၊ ကမ္ဘောဒီးယား နယ်စပ်မှာ အဖမ်းခံရသူ ယူဆူဖု မိုင်ရိုင်လီက ဗုံးကိုပေးပို့သည့် CCTV အထောက်အထားအသစ်တခုကို ထိုင်းရဲက ရှာဖွေတွေ့ရှိ ကြောင်းသိရသည်။
အဲဒီသူဟာ ရိုဟင်ဂျာတွေကို လူကုန်ကူးဂိုဏ်းထဲမှာ ပါဝင်နေတဲ့အတွက် မလေးရှား အစိုးရကလည်း အလိုရှိကြောင်းလည်းသိရပါတယ်။
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ အိမ်နီးချင်းနိုင်ငံများကို ထိုသူများအား စောင့်ကြည့်ရန် အတွက် သတင်းအချက်အလက် များကို ပေးထားပြီး၊ မကြာမီရက်ပိုင်းက ဘန်ကောက်ဗုံးကွဲမှုနှင့် ပတ်သက်သည်ဆိုသော သူ ၃ဦးကို မလေးရှား ရဲတို့က ဖမ်းဆီးခဲ့သေးသည်။