တရုတ်- ထိုင်း ဆက်သွယ်သည့် ရထားလမ်း ဖောက်လုပ်မည့် စီမံကိန်းကို ယခုနှစ်ကုန်ပိုင်း တွင် ပြန်လည် စတင်နိုင်ရန် မျှော်လင့်ကြောင်း ထိုင်းဒုဝန်ကြီးချုပ် တနာဆက် ပက်တီမာပရာဂွန်က တရုတ်ပြည်တောင်ပိုင်း နန်နင်း မြို့တွင် ပြုလုပ်သည့် ၁၂ကြိမ်မြောက် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် ပြောဆိုကြောင်း ဆင်ဟွာသတင်းကဆိုသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင် ထိုင်း- လာအိုနယ်စပ် နောင်ခိုင်မြို့ကို ဆက်သွယ် မည့် အဆိုပါ ရထားလမ်းမှာ စုစုပေါင်း ၈၄၀ ကီလိုမီတာရှည်လျားပြီး တရုတ်- လာအို- ထိုင်းအကြား ပြည်သူများနှင့် ကုန်ပစ္စည်များသယ်ယူပို့ဆောင်ရာတွင် အရေးပါလာမည်ဟု သိရသည်။
နောင်တွင် နောင်ခိုင်မြို့မှတဆင့် ဘန်ကောက်မြို့နှင့် ရနောင်းမြို့များအထိ ဆက်သွယ်လာနိုင် မည်ဖြစ်ပြီး အထူးစီးပွားရေးဇုန်များနှင့်လည်း ဆက်စပ်မှုရှိမည်ဟု ထိုင်း ဒုဝန်ကြီးချုပ်က ဆိုသည်။
ထိုင်း- တရုတ် ၂နိုင်ငံလုံးက လာမည့် အောက်တိုဘာလအတွင်း ရထားလမ်းစီမံကိန်းကို စတင်ရန်မျှော်လင့်ခဲ့ သော်လည်း ငွေကြေး ကုန်ကျမှုနှင့် လမ်းကြောင်းရွေးချယ်မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံ အရာရှိများ ဆွေးနွေးမှု မပြီးပြတ်သည့်အတွက် စီမံကိန်းကို ၉လခန့် နောက်ဆုတ်မည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာခဲကြသည်။
တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံအတွက် အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၆၃.၆ ဘီလျံ ခန့်အထိ ကုန်သွယ်ခဲ့သည်။