ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မနေ့ ကျုးဘားနိုင်ငံမှ တဆင့် အမေရိကန်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် လာရောက်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကို သမ္မတ အိုဘားမားနှင့်ဇနီး၊ သမီးများကလှိုက်လှဲစွာာ ကြိုဆိုခဲ့ ကြတာဖြစ်ပါတယ်။
သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ်အတွင်းမှာ ဆင်းရဲမွဲတေမှု၊ စီးပွားရေး လူမှုရေး နိုင်ငံရေး စတာတွေကို ပြောဆို ဖွယ်ရှိ ပြီး၊ သတင်းသမားများနဲ့ တွေ့ဆုံရာမှာတော့ ကမ္ဘာ့စီးပွားရေး တရားမျှတမှုမရှိတာကို သတိပေးခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ အမေရိကန်ကို မလာမီ ရိုမန်ကက်သလစ်ဘာဝင်အများစုရှိတဲ့ ကျူးဘားခရီးစဉ်မှာ သမ္မတ ရာအူးလ် ကက်စထရိုသာမက အကိုဖြစ်သူ သမ္မတဟောင်း ဖီဒယ်ကက်စထရိုနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
ကျူးဘားနဲ့ အမေရိကန်ဟာ နှစ် ၅၀ကျော်ပြတ်တောက်နေတဲ့ သံတမန်ဆက်ဆံရေးကို မကြာသေးမီကမှ ပြန်လည် ထူထောင်ခဲ့တာဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ဝါရှင်တန်ဒီစီ၊ နယူးယောက်နဲ့ ဖီလာဒဲဖီးယား မြို့ ၃မြို့ကို သွားရောက်မှာဖြစ်ပြီး၊ လူထောင်ပေါင်းစွာဟာလည်း ပုပ်ရဟန်းမင်းကြီး ခရီးစဉ်အတွင်းမှာ လိုက်ပါကြည့်ရှုဖို့ မျှော်လင့်နေတဲ့ အတွက် လုံခြုံရေး အများအပြား ချထားရကြောင်းသိရပါတယ်။