တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်ခရီးစဉ်အတွင်း ခရီးသည်တင် ဘိုရင်းလေယာဉ် အစင်း ၃၀၀ ဝယ်ယူဖို့ ကတိပြုလုပ်ပါတယ်။
အမေရိကန်ဒေါ်လာ ၃၈ဘီလျံတန်ဘိုးရှိ ဘိုးရင်း 737 လေယာဉ် ၂၅၀နဲ့ ကိုယ်ထည်ဗျက်ကျယ်တဲ့ လေယာဉ် ၅၀ ဝယ်ယူသွားမှာဖြစ်တယ်လို့ ဝါရှင်တန်ပြည်နယ် ဆီယက်တဲလ်ရှိတဲ့ ဘိုးရင်းလေယာဉ် စက်ရုံကို သမ္မတရှီကျင့် ဖျင်သွားရောက်ကာ စက်ရုံဝန်ထမ်းများကို စကားပြောစဉ် ထိုသို့ ပြောကြားခြင်းဖြစ်ပါတယ်။
အနာဂတ်မှာ တရုတ်နှင့် ဘိုးရင်းကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာမယ်လို့လည်း သူကဆိုပါတယ်။
ဘိုးရင်းလေယာဉ်ကုမ္ပဏီအကြီးအကဲ ဒင်းနစ် မူလန်ဘတ်ချ်ကလည်း တရုတ်ပြည်ရဲ့ လေယာဉ်များ မှာကြားမှု အတွက် သမ္မတ ရှီကျင့်ဖျင်ကို ကျေးဇူးတင်ကြောင်း၊ အမေရိကန် ဘိုးရင်းနဲ့ တရုတ်တို့အကြား ဆက်သွယ်မှု တခုဖြစ်တယ်လို့ ဆိုပါတယ်။