အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သည်းခံပြည့်စုံတဲ့ လူ့ဘောင်တည်ဆောက်ဖို့၊ မတရားမှုနဲ့ ခွဲခြားဆက်ဆံတာကို လက်မခံဖို့၊ လူ့အဖွဲ့အစည်းရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ မိန့်ကြား ပြောဆိုလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သူ့ရဲ့ ပထမဆုံးရောက်ရှိတဲ့နေ့မှာ အနားမယူပဲ ဝါရှင်တန်ဒီစီ သမ္မတအိမ်တော် က မြက်ခင်းပြင်မှာ သမ္မတ အိုဘားမားက နှုတ်ဆက်ခဲ့သလို၊ လူပေါင်း ၁၅၀၀၀ လောက်ကလည်း ကြိုဆို ကြပါတယ်။
ရာသီဥတုပြောင်းလဲလာမှုနှင့် ပတ်သက်ပြီး လေထုညစ်ညစ်မှု လျော့ချဖို့ သမ္မတအိုဘားမား လုပ်ဆောင်နေမှုတွေကိုလည်း အားရကြောင်း ပြောဆိုတယ်လို့ VOA သတင်းမှာဖော်ပြပါတယ်။