တရုတ်သမ္မတဟာ သူ့ရဲ့ အမေရိကား ခရီးစဉ်ကို ဆီယက်တဲလ် မြို့မှာ စတင်ခဲ့ပါတယ်။ ဆီယက်တဲလ်မြို့ က အမေရိကန် စီးပွားရေးသမားတွေ၊ IT ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ တွေဆုံတဲ့ပွဲမှာတော့ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ပဋိပက္ခ မဖြစ်ရေးကို ရှောင်ရှားလိုကြောင်းနဲ့ နှစ်ဦးနှစ်ဖက်အကြား နားလည်မှု ပိုမိုရရှိရေး၊ ယုံကြည်မှု ရရှိရေးကို ပိုမိုလိုလားပြီး သံသယတွေ မပွားစေလိုကြောင်း ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် အမေရိကန်ထိပ်သီးကုမ္ပဏီကြီးတွေရဲ့ CEO တွေတက်ရောက်တဲ့ပွဲမှာတော့ တရုတ်ဟာ နိုင်ငံတကာ စီးပွားရေး စံနှုန်းကျင့်ထုံးတွေကို လိုက်နာပြီး ကျင့်သုံး နေကြောင်း တရုတ်မှာ ရင်းနှီးမြုပ်နှံနေတဲ့ အမေရိကန် စီးပွားရေးသမားတွေကို မျှမျှတတ တန်းတူဆက်ဆံသွားမယ့်အကြောင်းကိုလည်း ပြောဆိုသွားပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင် ဟာ ဝါရှင်တန်ဒီစီကိုသွားရောက်ကာ အမေရိကန် သမ္မတ အိုဘားမားနဲ့လည်း သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။