ဆော်ဒီအာရေဗျ နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ Hajj ဘုရားဖူးပွဲတော်ကို လာသူများ အချင်းချင်း နင်းမိတာကြောင့် သေဆုံးသူ ဦးရေဟာ ၇၁၇ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရသူကလည်း ၈၀၀ ကျော်သွားပြီလို့သိရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ကျင်းပဲတဲ့ ဘုရားဝတ်ပြုပွဲမှာ ယခုနှစ် လူ ၂သန်းကျော်လာရောက်ခဲ့ပြီး၊ ဒီအဖြစ်အပျက်ဟာ မက္ကာမြို့နားက မီနာမြို့မှာ ဖြစ်ပျက်နေတာဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်ကလည်း မီနာမြို့က လှိုဏ်ခေါင်းအတွင်း အချင်းချင်းတက်နင်းမိလို့ ၁၄၀၀ ကျော်သေဆုံးခဲ့ရပါသေးတယ်။
ဒီလိုသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး ဆော်ဒီအစိုးရမှာ တာဝန်ရှိတယ်လို့ အီရန်နိုင်ငံက ဝေဖန်ခဲ့ပါတယ်။