တရုတ်ပြည်အနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ရံပုံငွေအတွက် အမေရိကန်ဒေါ်လာ ၁ဘီလျံ(သန်း၁၀၀၀)လှူဒါန်းသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အံအားသင့်စရာ ကတိပြုကြေညာလိုက်ပါတယ်။
ဒါအပြင် အာဖရိကနိုင်ငံများအဖွဲ့ချုပ်ကိုလည်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းသွားမှာ ဖြစ်သလို တရုတ်တပ်များကိုလည်း ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် ပိုမိုစေလွှတ်သွားမယ်လို့ ပြောဆိုပါတယ်။
ကမ္ဘာ့ ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံအနေနဲ့ ကမ္ဘာအရေးကိစ္စတွေမှာ ပိုမိုပခုံးထမ်းတာဝန် ယူသင့် တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုကို ဒီလှူဒါန်းမှုက အကျိုးတစုံတရာသက်ရောက်စေမှာဖြစ်ပါတယ်။