ကျောက် မဲ မြို့ နယ် တော့ ဆန် အုပ်စု က လော ဝိုင်း ကျေး ရွာအနီး၌ တပ်မတော်စစ်ကြောင်း နှင့် ပလောင်(တအာင်း) လွတ်မြောက်ရေး တပ်မတော်(TNLA) တို့ မနေ့ညနေ ၃နာရီခန့်က တိုက်ပွဲဖြစ်ပွားရာ ရွာသား ၃ဦး လက်နက်ထိမှန်ခံရပြီး၊ ခါးနှင့် ဦးခေါင်းတွင် ဒဏ်ရာရှိထားသည့် ဒေါ်ထွေးဥ( ၅၃နှစ်)မှာ ကျောက်မဲဆေးရုံသို့ တက်ရောက်ကုသနေရကြောင်း သတင်းရသည်။
ရွေးကောက်ပွဲများ နီးလာချိန် တိုင်ရင်းသား ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားလာရာ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ် ထဲက တချို့ဒေသများတွင် လုံခြုံရေး အနေအထားကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မဖြစ်နိုင် ကြောင်း သတင်းများထွက်ပေါ်နေပြီး၊ အစိုးရအနေဖြင့် နိုင်ခြေမရှိသည့် တိုင်းရင်းသား ဒေသများတွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ရန် တိုက်ပွဲများ ဖော်ဆောင်နေသည်ဟု TNLAက စွပ်စွဲပြောဆိုခဲ့ကြောင်းBBC သတင်းတွင် ဖော်ပြထားသည်။