၂၀၁၅ ခုနှစ် အတွက် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ဘီလာရုစ်နိုင်ငံသူ စာနယ်ဇင်းသမား တဦးဖြစ်တဲ့ Svetlana Alexievich က ရရှိသွားပါတယ်။
၁၉၄၈ခုနှစ် ယူကရိန်းနိုင်ငံမှာ မွေးဖွားခဲ့တဲ့သူဟာ ဆရာမတဦးအနေနဲ့ရော ဂျာနယ်လစ်တဦးအနေနဲ့ပါ လုပ် ကိုင်ခဲ့သူပါ၊ ၁၉၆၇ခုနှစ်မှာတော့ မင့်စ်တက္ကသိုလ်မှာ စာနယ်ဇင်းအတတ်ပညာကို သင်ယူခဲ့ပြီး နောက် ပိုလန် နယ်စပ်အနီးရှိ Brest မြို့က သတင်းစာတစောင်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ ဆိုဗီယက်ခေတ် ရှာနိုဘိုင်းလ် ဖြစ်ရပ်၊ အာဖဂန်စစ်ပွဲစတဲ့ သမိုင်းစာအုပ်တွေကို ရေးသားခဲ့သလို War’s Unwomanly Face ဆိုတဲ့ ဒုတိယကမ္ဘာစစ်ကို ရင်ဆိုင်ခဲ့ရတဲ့ စစ်မှုထမ်းအမျိုးသမီးတွေရဲ့ အကြောင်းကို ရေးသားခဲ့ပါတယ်။
ဒါအပြင် The Last Witnesses၊ Boys in Zinc စသည့်စာအုပ်တွေကို ရေးသားခဲ့ပါတယ်၊သူ့ရဲ့ရေးသားချက်တွေ ဟာ ခေတ်ကို ထင်ဟပ်တဲ့အတွက် ရေးချယ်လိုက်တာလို့ သိရပါတယ်။