မလေးရှားခရီးသည်တင်လေယာဉ် MH 17 ပစ်ချခံရမှုနှင့် ပတ်သက်၍ လက်သည်တရားခံ အပြစ်ပေးနိုင်ရေး ဆုံးခန်းတိုင် လုပ်ဆောင်မယ်လို့ မလေးဝန်ကြီးချုပ် နာဂျစ်က မနေ့ကပြောဆိုလိုက်ပါတယ်။“ဒီလို စက်ဆုပ် ဖွယ်ရာ ကိစ္စကို ပြုလုပ်တဲ့သူတွေဟာ သူတို့ရဲ့ ရာဇဝတ်မှုကို ပေးဆပ်ဖို့အတွက် အပြီးတိုင်လုပ် ဆောင်သွားမှာပါ” လို့ သူက ဆိုလိုက်ပါတယ်။
ခရီးသည်နဲ့လေယာဉ်အမှုထမ်း ၂၉၈ ဦးတင်ဆောင်ထားတဲ့ ဘိုးရင်း 777 အမျိုးအစား MH 17 လေယာဉ်ဟာ ယူကရိန်းအရှေ့ပိုင်းမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ပစ်ချခံခဲ့ရတာဖြစ်ပြီး၊ မနေ့ကတော့ လေယာဉ်ပစ်ချခံရမှုနဲ့ ပတ်သက်ပြီး ရုရှားလုပ် ဘုခ်(Buk) ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတယ်လို့ အပြီးသတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မည်သူမည်ဝါက ပစ်ခတ်တယ်လို့ ဖော်ပြမထားပေမယ့်၊ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကတော့ ရုရှားလိုလားတဲ့ ယူကရိန်း ခွဲ ထွက်တွေ ပစ်တယ်လို့ ဆိုပါတယ်၊ ယူကရိန်းခွဲထွက်တွေကတော့ သူတို့မှာ အဲဒီလိုမျိုး ပစ်ခတ်ဖို့ စွမ်းရည်မရှိဘူးလို့ ငြင်းပါတယ်။
ရုရှားကတော့ ယူကရိန်းနယ်မြေထဲမှာ ပျက်ကျတဲ့အတွက် ယူကရိန်းကို စွပ်စွဲထားပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ ဒီလေယာဉ်ပစ်ချခံရတဲ့ အကြောင်းအရင်းကို ရှာဖွေဖို့ လေယာဉ်ပျက်ကို တစစီ ပြန် လည်တတ်ဆင်ကာ အဖြေရှာရာ၌ မြေပြင်ကပစ်လိုက်တဲ့ ဒုံးကျည်ဟာ လေယာဉ် ဝဲဘက်ကို ထိမှန်ပြီး လေထဲမှာပဲ ပျက်စီးသွားတယ်လို့ဆိုပါတယ်။
ယူကရိန်းနိုင်ငံ အနေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နယ်မြေမှာ လေကြောင်းဆိုင်ရာ တားမြစ်ချက်မထုတ်ပြန်နိုင် ခဲ့တဲ့အတွက် ယခုလိုဖြစ်ပွားခဲ့ရတယ်လို့ ပြောပါတယ်။