ပုဂံဒေသဘက်ပေါင်းစုံ လွှမ်းခြုံသော စီမံခန့်ခွဲမှုနည်းဗျူဟာ အပြီးသတ်ညှိနှိုင်း အစည်း အဝေး(wrap-up meeting on the comprehensive management strategy for Bagan)ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO )က ကြီးမှူး၍ ယမန်နေ့က ပုဂံရှေးဟောင်းသုတေသန ပြတိုက်တွင် ပြုလုပ်ရာ ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ပုဂံဒေသရှိ ဒေသခံများနှင့် ပုဂံဒေသထိန်းသိမ်းစောင့်ရှောက်သူများ တက်ရောက်သည်။
ရှေးဟောင်း ပုဂံဒေသအား ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုးတို့ကဲ့သို့ ယူနက်စကိုက အသိအမှတ်ပြု World Heritage List ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး ပြုလုပ်မည်ဟု ဆိုသော်လည်း ရှေးဟောင်းဇုန်အတွင်း၌ အစိုးရအဆက်ဆက် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများက ဟိုတယ်နှင့် စားသောက်ဆိုင်များ တခြားစီးပွားရေး လုပ်ငန်းများ လာရောက်အခြေချထားပြီးဖြစ်သဖြင့် ၎င်းအဆောက်အဦးများကို ဖယ်ရှားရခက်ခဲ နေပြီး၊ ယင်းအဆောက်အဦးများကြောင့်ပင် ယူနက်စကိုလည်း အသိအမှတ်ပြုရန် ခက်ခဲမည်ဟု သိရသည်။
ယင်းအစည်းအဝေးကို အောက်တိုဘာလ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။