၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်အတွင်း မဲရုံဝန်ထမ်း ခန့်အပ်ရာ၌ ကျောင်းဆရာ/ဆရာမများကိုသာ ခန့်အပ်သွားမည် ဖြစ် ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ဧရာဝတီသို့ ပြောသည်။
ကရင်ပြည်နယ် အတွင်းရှိ မဲရုံများတွင် ဝန်ထမ်းပေါင်း (၁၅၇၀၈)ဦး ခန့်အပ်သွားမည် ဖြစ်ပြီး ဘားအံမြို့တွင် (၂၂၅) ရုံ၊ လှိုင်းဘွဲ့မြို့တွင် (၁၃၁) ရုံ၊ သံတောင်ကြီးမြို့တွင် (၉၉) ရုံ၊ ကော့ကရိတ်မြို့တွင် (၉၃) ရုံ၊ ကြာအင်းဆိပ်ကြီးတွင် (၆၃) ရုံ၊ ဖာပွန်တွင် (၂၄)ရုံ၊ မြဝတီမြို့တွင် (၄၉) ရုံနှင့် အရန်မဲရုံ(၁)ရုံ စုစုပေါင်း မဲရုံ (၆၈၄) ရုံ ဖွင့်လှစ်ရန်ရှိကြောင်း ကရင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ သိရသည်။