မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ရွေးကောက်ပွဲကို နိုင်ငံတကာက လာရောက်လေ့လာ စောင့်ကြည့်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ဝင်ရောက်ပြီး စွက်ဖက်မှာမဟုတ်ကြောင်း EU ဥရောပသမဂ္ဂ အဖွဲ့ စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် Alexander Graf Lambsdurff က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့က လေ့လာစောင့်ကြည့်သူတွေပဲ ဖြစ်ပါတယ်။ကျနော်တို့ရဲ့ အလုပ်ဟာ လေ့လာစောင့်ကြည့်ဖို့ပဲဖြစ်ပြီး ရွေးကောက်ပွဲ ကာလမှာ နိုင်ငံတကာ စံနှုန်းတွေနဲ့ မညီတာတွေကို ကျနော်တို့ဘက်က တွေ့ခဲ့ရင်တောင်မှ ကျနော်တို့ စောင့်ကြည်သူတွေက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး” လို့ Alexander Graf Lambsdurff က ပြောဆိုပါတယ်။