ကမ္ဘာကျော် စာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ “စစ်နဲ့ ငြိမ်းချမ်းရေး” ဝတ္တုကြီးကို ကမ္ဘာ့တဝှမ်း မြို့ကြီး ၃၀မှ လူပေါင်း ၁၃၀၀က ဖတ်ကြားမယ့် အစီအစဉ်ကို ရုရှားစာပေ အထိမ်းအမှတ်နေ့မှာ ပြုလုပ်မယ်လို့ သမ္မတ ပူတင်က ကြေညာလိုက်ပါတယ်။
ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယို ကုမ္ပဏီ(VGTRK)က စီစဉ်သည့် မာရသွန် စာအုပ်ဖတ်ပွဲကို မော်စကို၊ ဝါရှင်တန်၊ ပါရီ၊ ပေကျင်း၊ ဘာလင်၊ ဗီယင်နာ၊ စိန့်ပီတာစဘတ် စသည့်မြို့ကြီးများမှ စာချစ်သူများ ပါဝင်ရန် စီစဉ်ထားပြီး၊ ပါဝင်လိုသူများအနေဖြင့် လာမည့် နိုဝင်ဘာ ၁၅ ရက် အမှီလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
နာရီပေါင်း ၆၀ ကြာမြင့်မည့် စစ်နှင့် ငြိမ်းချမ်းရေး ဝတ္တုကြီး ဖတ်ကြားမည့်အစီစဉ်ကို ရုရှားနိုင်ငံပိုင် ရုပ်မြင် သံကြားနဲ့ ရေဒီယို ကုမ္ပဏီ(VGTRK) မှ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။