တရုတ်နိုင်ငံက ချီးမြှင်တဲ့ ကွန်ဖြူးရှပ် ငြိမ်းချမ်းရေးဆုလို့ခေါ်တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ၂၀၁၅ခုနှစ်အတွက် ဇင်ဘာဘွေနိုင်ငံမှ အာဏာရှင် သမ္မတ ရောဘတ်မူဂါဘီက ရရှိသွားပါတယ်။
အသက် ၉၁နှစ်အရွယ်ရှိတဲ့ အာဏာရှင် သမ္မတ မူဂါဘီကို ဒီဆုချီးမြှင့်လိုက်ခြင်းဟာ စွမ်းအားသစ်တွေ ရရှိအောင် အားဖြည့်ပေးလိုက်တာပဲလို့ တကမ္ဘာလုံးက ဝိုင်းဝန်းဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
ကွန်ဖြူးရှပ် ငြိမ်းချမ်းရေးဆုအတွက် မူဂါဘီနဲ့အတူ လျာထားခံရသူတွေက သန်းကြွယ်သူဌေး ဘီလ်ဂိတ်စ်၊ တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟီးတို့ ဖြစ်ပြီး၊ မနှစ်ကတော့ ဒီဆုကို ရုရှားသမ္မတ ပူတင်ရရှိခဲ့ပါတယ်။
ဇင်ဘာဘွေကို ၃၅နှစ်ကြာ ဦးဆောင်ခဲ့တဲ့ ဇာနူ ပီအက် အဖွဲ့ခေါင်းဆောင် ရောဘတ်မူဂါဘီဟာ ၁၉၈၀ ခုနှစ်က စတင်ကာ အာဏာရယူခဲ့တာဖြစ်ပြီး၊ သူဦးဆောင်ပြီးနောက်ပိုင်းမှာ တိုင်းပြည်ဟာ နိုင်ငံရေး စီးပွားရေး ချွတ်ခြုံ ကျဆင်းခဲ့ပါတယ်။
ဒါပေမယ့် ကွန်းဖြူးရှပ် ငြိမ်းချမ်းရေး ဆုကော်မတီကတော့ မူဂါဘီဟာ ဇင်ဘာဘွေလူထုကို သက်သာချောင်ချိပြီး ကောင်းကျိုးချမ်းသာဖြစ်ဖို့ လုပ်ဆောင်ခဲတဲ့အတွက် ပေးအပ်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။