တောင်အာရှ မြေငလျင် သေဆုံး ၃၀၀ ကျော်အထိ မြင့်တက်လာ
This article has been converted from Zawgyi One to Unicode
အာဖန်ဂန်နစ္စတန် မြောက်ပိုင်းကိုဗဟိုပြုပြီး တောင်အာရှဒေသမှာ မနေ့ကလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၅ မဂ္ဂနီကျု ရှိ ငလျင် ကြောင့် သေဆုံးသူ လူပေါင်း ၃၁၁ဦးကျော်လာပြီဖြစ်ပြီး နောက်ထပ်လည်းအသေအပျောက်မြင့်တက်လာနိုင်တယ်လို့ The Guardian သတင်းမှာ ဖော်ပြပါတယ်။
ဟိန္ဒူကွတ်ရှ် တောင်တန်းကို ဗဟိုပြုပြီး မြေအောက် ၁၂၅မိုင်အနက်မှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ပါကစ္စတန်နှင့် အိန္ဒိယ အထိပါ ရိုက်ခတ်ခဲ့ပြီး ဒီအချိန်အထိ အာဖဂန်နစ္စတန်ရဲ့ ဝေးလံတဲ့ တောင်ပေါ်ဒေသတွေမှာ အကူအညီများရောက်ရှိ ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
အိန္ဒိယ၊ အီရန်နဲ့ အာဖဂန် အခြေစိုက်အမေရိကန်စစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းများမှာ ဝင်ကူဖို့ ကမ်းလှမ်းခဲ့ ပေမယ့် အာဖဂန်ဒေသအာဏာပိုင်များဘက်ကတော့ တရားဝင်အကူအညီတောင်းခံခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။။
ပါကစ္စတန် ပြန်ကြာေးရးဝန်ကြီး ပါဗက်ဇ် ရာရှီကတော့ ပြဿနာတွေကို ကိုင်တွယ်ဖို့ အင်အားလုံလောက်ပြီး ငလျင်ဒဏ်ခံခဲ့ ရတဲ့ နေရာတွေကို ထိပ်ဆုံးဦးစားပေးအနေနဲ့ ကူညီသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ပါကစ္စတန်မှာတော့ သေဆုံးသူ ၂၂၈ ဦး ဒဏ်ရာရသူ ၁ထောင်ကျော်၊ အာဖဂန်မှာ သေဆုံးသူ ၃၃ဦး ဒဏ်ရာရသူ ၂ထောင် ကျော် အိမ်ခြေ ၄ထောင်ခန့် ပျက်စီးပြီး၊ အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသမှာတော့ သေဆုံးသူ ၂ဦးရှိတယ်လို့ သတင်းတွေကဆိုပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်းကြီးဟောင်း အဗ ္ဗဒူလာကတော့ “ အစောပိုင်းသတင်းတွေအရ သေဆုံးသူများတယ်လို့ သိရတယ်၊ Badakhshan ၊ Takhar ၊ Nangarhar ၊ Kunar မြို့တွေမှာတော့ အပျက်အဆီးများတယ်၊ ဖုန်းလိုင်းတွေပြတ် နေတာကြောင့် စာရင်းအတိအကျမရသေးဘူးလို့”ဆိုပါတယ်။
အာဖဂန်မှာ ငလျင်လှုပ်စဉ် စာသင်ခန်းတွင်းမှ ထွက်ပြေးရန် ကြိုးစားခဲ့သော အသက် ၁၀နှစ်မှ ၁၅နှစ်အတွင်းရှိသော ကျောင်းသူ ၁၂ဦးလည်းသေဆုံးခဲ့ပါတယ်။
၂၀၀၅ခုနှစ်က ပါကစ္စတန် ကက်ရှ်မီးယားပြည်နယ်မှာ အင်အား ၇.၆ အင်အားရှိသော မြေငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၇၅၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။
ယခုနှစ် ဧပြီလကလှုပ်ခဲ့သည့် နီပေါငလျင်မှာ လူ၉၀၀၀ သေဆုံးခဲ့ပြီး အိမ်အလုံးပေါင်း ၉၀၀၀၀၀ခန့် ပျက်စီးခဲ့သည့်အတွက် ကမ္ဘာ့အဆိုးရွားဆုံး ငလျင်စာရင်းဝင်ခဲ့ပါတယ်။
ကမ္ဘာတဝှမ်းတွင် နှစ်စဉ်နှစ်တိုင်း ငလျင်အကြိမ် ၂၀ခန့် လှုပ်ခတ်ပြီး ပျမ်းမျှအားဖြင့် အင်အား ၇ ဒဿမကျော် အင်အားရှိပါသည်။