ယီမင်ရှိ MSF ဆေးရုံ ဗုံးကြဲ တိုက်ခိုက်ခံရပြန်
This article has been converted from Zawgyi One to Unicode
ယီမင်နိုင်ငံဆာဒါမြို့ရှိ နယ်စည်း မခြား ဆရာဝန်များ(MSF)၏ ဆေးရုံကို ဆော်ဒီအာရေဗျ ဦးဆောင်သည့် လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MSF အဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။
ယီမင်သူပုန်များကို တိုက်ခိုက်နေသည့် ဆော်ဒီအာရေဗျ ဦးဆောင်သည့် လေတပ်က အဆိုပါ MSF ဆေးရုံကို မနေ့ညပိုင်းက အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ဗုံးကြဲတိုက်ခိုက်စဉ်အတွင်း လူနာနှင့် MSF ဝန်ထမ်း များ ဆေးရုံထဲတွင် ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုမူ MSF က ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ယခုလဆန်းပိုင်းကလည်း အာဖဂန်နစ္စတန်နိုင်ငံ ကွန်ဒုဇ်မြို့ရှိ MSF ဆေးရုံကို အမေရိကန်လေတပ်က ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ကွန်ဒုဇ်ဆေးရုံ ဗုံးကြဲမှုနှင့် ပတ်သက်၍ သမ္မတအိုဘားမားက MSF အဖွဲ့ကို တောင်းပန်ခဲ့ရပြီး၊MSF က လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။