လိပ်ကျွန် လူသတ်မှု၌ စွပ်စွဲခံ မြန်မာလူငယ် ၂ဦးဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေအဖွဲ့က စာမျက်နှာ ၅၆ မျက်နှာပါ ခုခံလျှောက်လဲချက် အကျဉ်းကို မနေ့က ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးသို့ တင်သွင်းလိုက် သည်။
လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့၌ စီရင်ချက်ချမည့် အမှုတွင် တရားသူကြီး အဖွဲ့အနေဖြင့် ထည့်သွင်းစဉ်းစား နိုင်ရန် အစွပ်စွဲခံများဘက်မှ သက်သေ ၁၃ဦး၏ အရေးကြီးထွက်ချက်များနှင့် တရားလိုသက်သေ ထွက်ချက် များကို နှိုင်းယှဉ်၍ တင်ပြခြင်းဖြစ်သည်။
အဓိကအချက်များမှာ အမှုစွဲချက်မတင်မီ ဖမ်းဆီးအရေးယူခြင်းမှာ ဥပဒေနှင့် ညီညွတ်မှုမရှိ၊ တရားခံ၏ အခွင့် အရေးကို ကာကွယ်ပေးမည့် ကိုယ်စားလှယ်မရှိ၊ ညှင်းပန်းနှိပ်စက်ခြင်းကြောင့် ဝန်ခံချက်ပေးခြင်းနှင့် သရုပ်ပြ ခြင်း၊ လူသတ်လက်နက်ပေါ်တွင် တွေ့သည့် DNA နှင့် စွပ်စွဲခံများ၏ DNA မတူညီခြင်း၊ DNA ရယူ ခြင်း၊ ဓာတ် ခွဲစမ်းသပ်ခြင်း၊ သုံးသပ်ခြင်းတို့သည် နိုင်ငံတကာအဆင့်အသိအမှတ်ပြု ISO 17025 နှင့် မညီခြင်း၊ အခင်းဖြစ် ရာနေရာကို ပြသည့် ဓာတ်ပုံ၊ အလောင်းခွဲစိတ်မှတ်တမ်း၊ မှုခင်းသိပ္ပံဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဓာတ်ခွဲ ခန်းမှတ် တမ်းများ မ ပြည့်စုံခြင်း၊ CCTV မှတ်တမ်း မပြည့်စုံခြင်း၊ လက်ဗွေရာနှင့် ခြေရာများ မတင်သွင်းခြင်းတို့ကို ထောက်ရှု့၍ အစွပ်စွဲခံရသူများကို ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း ရုံးတော်သို့ တင်ပြထားသည်။
ပြီးခဲ့သည်နှစ်က ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသား ၂ဦးဖြစ်သည့် ဒေးဗစ်မီလာနှင့် ဟန်နာဝစ်ထာရစ်ချ်တို့ ၂ဦး အသတ်ခံရမှုတွင် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ ၂ဦးကို လူသတ်မှု၊ အဓမ္မကျင့်မှု၊ ပစ္စည်းခိုးမှု ပုဒ်မများ တပ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။