သတင်းတို

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဟောပြောပွဲ သင်္ဃန်းကျွန်းသို့ပြောင်းရွေ့

This article has been converted from Zawgyi One to Unicode

ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ ရွေးကောက်ပွဲအောင်နိုင်ရေးဟောေြပာပွဲကို နိုဝင်ဘာ ၁ရက်နေ့ ညနေ ၃ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီကွင်းတွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံမှ သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲကို ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း တိုင်းအစိုးရထံမှ ခွင့်ပြုချက်မရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ပြောင်းရွေ့ ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်မြင့်က ဧရာဝတီသို့ပြောသည်။

Loading