သတင်းတို

မဲဆွယ်စည်းရုံးမှုဆိုင်ရာတိုင်ကြားမှု ၄၀ ရှိဟု စောင့်ကြည့်အဖွဲ့ ကာတာစင်တာ ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

logo1နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုနှင့် ပတ်သက်၍ တနိုင်ငံလုံးရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့  တိုင်ကြားမှုပေါင်း ၄၀ ရှိပြီး၊ တိုင်ကြားမှုများမှာ လက်ကမ်းစာစောင်များနှင့် ဆက်စပ်ပစ္စည်းများဖျက်ဆီးခြင်း၊ မဲဆွယ်မှုကို ဟန့်တားခြင်း၊ မမှန်ကန်သည့် သတင်းအချက်အလက်များကို အသုံးပြုခြင်း စသည့်တို့ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အခြေစိုက် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ ကာတာစင်တာက အောက်တိုဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အဓိကတိုင်ကြားသည့် ပါတီများမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် (NLD) တို့ဖြစ်သည်။

ဧရာဝတီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ကချင်၊ ကယား၊ ကရင်၊ ရခိုင် နှင့် ရှမ်း စသည့်ဒေသများသို့ သွားရောက် လေ့လာကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး၊ ပါတီ ထောက်ခံသူများအား ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု သို့မဟုတ် ခြိမ်းခြောက်မှုများ အပါအဝင် ရဲအရေးပိုင်မှု စုစုပေါင်း (၉၄) မှု လက်ခံရရှိထားကာ ၎င်းတို့အနက်မှ (၇၈) မှုသာ အမှုဖွင့်ပေးနိုင်ခဲ့ပြီး (၆၂) မှုကို စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားသည်။

ကာတာစင်တာ လေ့လာခဲ့သည့် နေရာများတွင် နိုင်ငံရေးပါတီတိုင်းသည် မဲဆွယ်စည်းရုံးရန် အခွင့်အရေး တန်းတူ မရရှိခဲ့ကြောင်း၊ အချို့ဒေသများတွင် အထူးစုံစမ်း စစ်ဆေးရေး ရဲတပ်ဖွဲ့ (Special Branch) နှင့် အရပ်ဝတ် လုံခြုံရေးအဖွဲ့များကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသော်လည်းကောင်း၊ ကော်မရှင်ခွဲများကသော်လည်းကောင်း လက်ခံရရှိထားသည့် တိုင်ကြားမှု မည်မျှရှိသည်ကို သတင်းထုတ်ပြန်ထားခြင်း မရှိကြောင်း ကာတာစင်တာ၏ အစီရင်ခံစာက ဆိုထားသည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဘာသာရေးကို အသုံးချသည်ဟု စွပ်စွဲသည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ တိုင်ကြားချက်များကို အချိန်မီ တုံ့ပြန်သင့် ကြောင်း၊ ရွေးကောက်ပွဲ စည်းကမ်း ချိုးဖောက်မှုများကို ဥပဒေ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း၊ နည်းစနစ်ဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ခဲ့သည့် မဲစာရင်း မှားယွင်းမှုများကို ဖြေရှင်းရန် နည်းလမ်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ပိုမိုရှိသင့်ကြောင်း ထုတ်ပြန်ချက်တွင် အကြံပြုထားသည်။

သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသော်လည်းကောင်း၊ ကော်မရှင်ခွဲများကသော်လည်းကောင်း လက်ခံရရှိထားသည့် တိုင်ကြားမှု မည်မျှရှိသည်ကို သတင်းထုတ်ပြန်ထားခြင်း မရှိကြောင်း ကာတာစင်တာ၏ အစီရင်ခံစာက ဆိုထားသည်။

Loading