သတင်းတို

တအိမ်ထောင် ကလေးတဦး မူဝါဒ တရုတ်ပယ်ဖျက်မည်

This article has been converted from Zawgyi One to Unicode

ONECHILD-master675တရုတ်နိုင်ငံ၌ တိုးပွားလာသည့် လူဦးရေနှင့် သက်ကြီးရွယ်အို အရေအတွက် မျှတစေရန် ဆယ်စုနှစ်များစွာ ပြဋ္ဌာန်းထားတဲ့ တအိမ်ထောင်ကလေးတဦး မူကို ပယ်ဖျက်၍  ကလေး ၂ဦး အထိ မွေးဖွားခွင့်ကို တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမမြောက် မျက်နှာစုံညီအစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

အဆမတန်တိုးပွားနေသည့် လူဦးရေကို ထိန်းချုပ်ရန် ၁၉၇၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့သည့် အဆိုပါ ဥပဒေကို ၂၀၁၃ခုနှစ်ခန့်မှာ စတင်ဖြေလျော့လာရာ ယခုအခါ တအိမ်ထောင် ကလေး ၂ဦး မွေးဖွားခွင့်ပေးခဲ့ခြင်းဖြစ်သည်။

Loading