ဘောလုံးကွင်း တကွင်း အရွယ်အစားလောက်ရှိတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား(asteroid) တခု Halloween နေ့မှာ ကမ္ဘာမြေအနီး ကနေ လျှင် မြန်တဲ့ အရှိန်အဟုန်နဲ့ ဖြတ်သန်းသွားမှာ ဖြစ်တဲ့အတွက် နက္ခတ္တဗေဒပညာရှင်တွေ အနေနဲ့ အနီးကပ် မြင် တွေ့ခွင့်ရမှာဖြစ် ပါတယ်။
2015 TB145 လို့ အမည်ရှိတဲ့ asteroid ဟာ အောက်တိုဘာလ ၃၁ရက်နေ့ မွန်းလွဲပိုင်းမှာ ကမ္ဘာမြေနဲ့ မိုင်ပေါင်း ၃၁၀၀၀၀ အကွာအဝေးအတွင်းကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အဲဒီအကွာ အဝေးဟာ ကမ္ဘာနဲ့ လ အကွာအဝေးရဲ့ ၁ ဒသမ ၃ ဆ ဖြစ်ပါ တယ်။ အဲဒီ asteroid ကို လွန်ခဲ့တဲ့ ၃ ပတ်လောက်ကမှ စတင်တွေ့ရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံက National Aeronautics and Space Administration (NASA) ရဲ့ အဆို အရသိရပါတယ်။ ဒီလိုဖြတ်သန်း သွားခြင်း ကြောင့် သက်ရောက်မှု အန္တရယ် မရှိဘူးလို့လည်း သိရပါတယ်။
Spooky လို့လည်း သိကြတဲ့ 2015 TB145 ရဲ့ အချင်းဟာ ပေ ၉၅၀ နဲ့ ၂၁၃၀ ပေကြားမှာ ရှိမယ်လို့ နက္ခတ္တ ဗေဒပညာရှင် တွေ က ခန့်မှန်းထားပါတယ်။ ၂၀၂၇ ခုနှစ် သြဂုတ်လ အထိ ဒီလိုကြီးမားတဲ့ asteroid တခုကို အနီးဆုံး တွေ့နိုင်မှာ မဟုတ်ဘူး လို့ လည်း သုတေသီတွေက ဆိုပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် Pasadena မှာ ရှိတဲ့ NASA ရဲ့ Jet Propulsion ဓာတ်ခွဲခန်းမှာ အခြေစိုက် တဲ့ သိပ္ပံပညာရှင်တွေက Goldstone Deep Space Communications Complex မှာရှိတဲ့ စလောင်း (radio dish)တွေ ကို သုံးပြီး လေ့လာဖို့ စီစဉ် ထားပါတယ်။ ထို့နည်းတူ အနောက်ဗာဂျီးနီးယားမှာရှိတဲ့ Green Bank နက္ခတ်တာရာကြည့် မှန် ပြောင်းနဲ့ Puerto Rico က Arecibo နက္ခတ်တာရာကြည့်မျှော်စင် တွေကလည်း လေ့လာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
“အခုလို ဖြတ်သန်းသွားခြင်းကြောင့် ဒီအရာဝတ္ထုရဲ့ ရုပ်ပိုင်းဆိုင်ရာကို လေ့လာဖို့ ထူးခြားတဲ့ အခွင့်အရေးတခု ရှိလာစေ ပါတယ်” လို့ သုတေသီတွေကပြောပါတယ်။
Spooky ဟာ ကမ္ဘာမြေ နားက ဖြတ်သန်းသွားစဉ်မှာ သူ့ရဲ့ရွေ့လျားနှုန်းက တနာရီကို မိုင် ၇၈၀၀၀ ရှိမယ်လို့ သိရပါ တယ်။ Slooh ကွန်မြူနတီ နက္ခတ်တာရာကြည့်မျှော်စင် နဲ့ Virtual Telescope Project တို့ကြောင့် Spooky ကို ပြည် သူတွေလဲ အွန်လိုင်းကနေခြေရာခံကြည့်နိုင်ကြမှာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၃၁ ရက်နေ့ ဂရင်းစနစ် စံတော်ချိန် မွန်းလွဲ ၂ နာရီ (မြန်မာစံတော်ချိန်ည ၈ နာရီ ၃၀ မိနစ်) Slooh က Spooky ရဲ့ ပုံရိပ်တွေကို အားကောင်း တဲ့ မှန်ပြောင်းတွေနဲ့ ဖမ်းယူပြီးတော့ အင်တာနက်မှာတိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။ (http://live.slooh.com) Virtual Telescope Project ကလည်း ဂရင်းနစ် စံတော်ချိန် မွန်းလွဲ ၁၂ နာရီ(မြန်မာစံတော်ချိန ညနေ ၆ နာရီ ၃၀ မိနစ်)မှာ တိုက်ရိုက်ထုတ်လွှင့် ပေးမှာ ဖြစ်ပါတယ်။ (http://www.virtualtelescope.eu/live-asteroids/) Spooky ဟာ နေကို တပတ် ပြည့်အောင် ပတ်မိဖို့ အတွက် ၃ နှစ်ကြာပါတယ်။
“တကယ်လို့ အဲဒါက အန္တရာယ် မပြုဘူး ဆိုရင် တောင်မှ ဒီလို အရွယ်အစားရှိတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား မျိုးက Halloween နေ့မှာ ကမ္ဘာနားကိုရောက်လာမယ်ဆိုတာကို အနီးဆုံး ရောက်ဖို့ ၂၁ရက်လောက်ပဲ ကြိုသိခဲ့ရတာက ကြောက်စရာ ကောင်း ပါတယ်” လို့ Slooh က Paul Cox ကပြောပါတယ်။
“သူ့ရဲ့ အနေအထား၊ အရွယ်အစားနဲ့ ပတ်လမ်းကို တိတိကျကျ သိနိုင်ဖို့ အတွက် Slooh က ညတိုင်း ခြေရာခံလိုက်နေ ပါတယ်။ အရင်တုန်းက ဖြစ်ခဲ့တာမျိုးတွေ ထပ်မဖြစ်စေဖို့အတွက် ဒီလို အရွယ်အစားရှိတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား တခုကို ကျ နော်တို့ မျက်ခြည်အပြတ်ခံလို့ မဖြစ်ပါဘူး” လို့လည်း Paul Cox ကပြောပါတယ်။
2015 TB145 လို အရွယ်အစားရှိတဲ့ asteroid တခု ကမ္ဘာပေါ်ကို ကျရောက်ရင် ပြင်းထန်စွာ ထိခိုက်နိုင်ပါတယ်။ ဥပမာအားဖြင့် ၁၉၀၈ ခုနှစ်မှာ ရုရှားနိုင်ငံက Siberian သစ်တောရဲ့ စတုရန်းမိုင် ၈၀၀ လောက်ကို ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်မှာ ကျ ရောက်ခဲ့တဲ့ asteroid ရဲ့ အချင်းဟာ ပေ ၁၃၀ ပဲရှိပါတယ်။ အခု 2015 TB145 ရဲ့ ဆယ်ပုံတပုံ နီးပါးပဲ ရှိပါတယ်။
ယနေ့ အချိန်အထိ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာအနားက ဖြတ်သန်းသွားတတ်တဲ့ အရာဝတ္တု (ဂြိုဟ်သိမ်ဂြိုဟ်မွှား၊ ကြယ် တံခွန် အစရှိသဖြင့်) စုစုပေါင်း ၁၃၀၀၀ လောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါတွေ သန်းနဲ့ ချီပြီတော့လည်း ရှိနိုင် တယ် လို့ သိရပါတယ်။
တကယ်တော့ ရှာဖွေတွေ့ရှိခြင်း မရှိသေးတဲ့ အန္တရယ်ပေးနိုင်တဲ့ အာကာသထဲက အစိုင်အခဲတွေ အများကြီးရှိနေပါတယ်။ ၁သန်းလောက် ရှိမယ်လို့ ခန့်မှန်းရတဲ့ အသေးဆုံး အချင်း ၁၀၀ပေ အရွယ်အစားရှိ အရာဝတ္ထုတွေထဲက ၁ ရာခိုင်နှုန်း လောက်ကိုပဲ တွေ့ရှိသေးတယ်လို့ NASA တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒါပေမယ့် ကံကောင်းတာက လူသားမျိုးနွယ် အဆုံးသတ်သွားစေနိုင်လောက် အောင် အန္တရယ်ရှိတဲ့ တောင်တလုံးလောက် အရွယ်အစား( အချင်း ဝ.၆ မိုင်ခန့်) ရှိတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား တွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပြီး အဲဒါတွေက ကမ္ဘာနဲ့ တိုက်မိနိုင်ခြေ မရှိပါဘူး။