သတင်းတို

မသန်စွမ်းသူများအတွက် သီးခြားမဲရုံ မရှိသော်လည်း မဲပေးနိုင်ရန် စီစဉ်ပေးမည်

This article has been converted from Zawgyi One to Unicode

၂၀၁၀ ရွေးကောက်ပွဲကာလ ရန်ကုန်မြို့ရှိ မဲရုံတရုံ၌ မဲရေတွက်နေစဉ် (ဓာတ်ပုံ - Reuters)
၂၀၁၀ ရွေးကောက်ပွဲကာလ ရန်ကုန်မြို့ရှိ မဲရုံတရုံ၌ မဲရေတွက်နေစဉ် (ဓာတ်ပုံ – Reuters)

မန္တလေးတိုင်းအတွင်း ရွေးကောက်ပွဲနေ့တွင် မသန်စွမ်းသူများအတွက် မဲပေးနိုင်ရန် သီးခြားမရုံ ဖွင့်လှစ်ထားခြင်း မရှိသော်လည်း မျက်မမြင်စာဖြင့် မဲပေးနိုင်ရန် စီစဉ်ထားကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ညွှန်ကြားရေးမှုး ဦးကျော်ကျော်စိုးက ပြောသည်။

ဦးကျော်ကျော်စိုး“မသန်စွမ်းတွေအတွက် သီးသန့်ကြီး စံပြမဲရုံ ဆောက်ထားတာ မရှိပါဘူး။ မျက်မမြင် အမှုဆောင် အရာရှိနဲ့ ပြော ထားတာက မျက်မမြင်တွေအတွက် သူတို့စာနဲ့ ပေးလို့ရအောင် စီစဉ်ပေးထားပါတယ်”ဟု ဆိုသည်။

မန္တလေးတိုင်းအတွင်းရှိ ချမ်းမြသာစည်၊ ပြင်ဦးလွင်နှင့် မိတ္ထီလာမြို့နယ် သုံးခုတွင် မျက်မမြင် မဲဆန္ဒရှင်များ မျက်မမြင်စာနှင့် မဲပေးနိုင်ရန် အတွက် ပြင်ဆင်ထားသည်ဟု ဆိုသည်။ မျက်မမြင် မဲဆန္ဒရှင်များအတွက် ၎င်းတို့၏ အတူခေါ်လာမည့် ကိုယ်စား လှယ်ဖြင့်လည်း မဲပေးနိုင်သလို မျက်မမြင် စာဖြင့် ကိုယ်တိုင်ဖတ်ပြီး မဲပေးနိုင်မည်ဟု ကော်မရှင် ညွှန်ကြားရေးမှုး ဦးကျော်ကျော်စိုးက ပြောသည်။

မန္တလေးမြို့ နားမကြားသော ကလေးများကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုပြုံးက“ကျောင်းက ကလေးတွေ မဲပေးနိုင်ဖို့ မနက်ဖြန် လေ့ကျင့်ပေးပါမယ်။ တချို့ကတော့ အကူအညီ မလိုပါဘူး” ဟု ပြောသည်။  

မန္တလေးတိုင်းတွင် မဲရုံပေါင်း ၅၃၈၄ ခု ရှိပြီး ဆန္ဒမဲပေးနိုင်သူ ဦးရေ ၄၄ သိန်းခန့်ရှိရာ မျက်မမြင် မဲဆန္ဒရှင်ဦးရေမှာ ပြင်ဦးလွင်မြို့နယ် တွင် ၉၂ ဦး၊ မိတ္ထီလာ ၁၈ ဦးနှင့် ချမ်းမြသာစည်မြို့နယ်တွင် စကားမပြော၊ နားမကြားသူဦးရေ ၁၅ ဦး စုစုပေါင်း ၁၂၅ ဦးခန့် ရှိကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။

Loading