သတင်းတို

စကောက် အလန် မာရှယ်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် အဆိုပြု

This article has been converted from Zawgyi One to Unicode

Scot Alan Marcielသမ္မတ အိုဘားမားသည် စကောက် အလန် မာရှယ် (Scot Alan Marciel) ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် အဆိုပြု လျာထားကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ထားသည်။ စကောက် အလန် မာရှယ်သည် ၂၀၁၃ ခုနှစ်မှ စ၍ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒု လက်ထောက် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယင်းမတိုင်မီ အင်ဒိုနီးရှားဆိုင်ရာ အမေရိကန် သံအမတ်ကြီး၊ အာဆီယံဆိုင်ရာ သံအမတ်ကြီး၊ အရှေ့တောင်အာရှ ရေကြောင်းရုံး ညွှန်ကြားရေးမှူး စသည်ဖြင့် တာဝန်ယူခဲ့ဖူးသည်။

Loading