သတင်းတို

မြန်မာတို့ အနေဖြင့် ကောင်းမွန်တဲ့ ဆုံးဖြတ်ရွေးချယ်မှု လုပ်နိုင်ကြောင်း သက်သေထူရန် သမ္မတပြော

This article has been converted from Zawgyi One to Unicode

Thein Seinသမ္မတဦးသိန်းစိန်က အထွေထွေရွေးကောက်ပွဲ ပြုလုပ်ရန် ၅ ရက်အလို တိုင်းပြည်သို့ မိန့်ခွန်းပြောရာတွင် ပြည်သူများအနေဖြင့် ဆန္ဒမဲတမဲချင်းစီက အရေး ကြီးကြောင်း၊ တဦးချင်း ဆုံးဖြတ်ရွေးချယ်ရာတွင် ပထမဆုံး အနေဖြင့် ရိုးသားတည်ကြည်မှု၊ စိတ်ရှည်သဘောထားကြီးမှု၊ အမြော်အမြင်ကြီးမှု စသည့် နိုင်ငံသားတန်ဖိုး၊ လူမှုတန်ဖိုးများကို နှလုံးသွင်းပြီး စဉ်းစားဆုံးဖြတ်စေလိုကြောင်း၊ ပြည်သူတဦးချင်းစီ အနေဖြင့် မိမိတို့၏ သဘောဆန္ဒအတိုင်း စိတ်ကြိုက် လွတ်လပ်စွာ ဆုံးဖြတ်ရွေးချယ်ရမှာဖြစ်ပြီး  မြန်မာတို့ အနေဖြင့် ကောင်းမွန်တဲ့ ဆုံးဖြတ်ရွေးချယ်မှုကို ရွေးချယ်ဆုံးဖြတ်နိုင်စွမ်း ရှိကြောင်းကို သက်သေထူစေလိုကြောင်း ပြောကြားသွားသည်။

Loading