ရုရှားခရီးသည်တင်လေယာဉ်ပျက်ကျချိန်နှင့် တိုက်ဆိုင်စွာပင် ဆိုင်းနိုင်းကျွန်းဆွယ်ပေါ်၌ အပူငွေ့ အလင်းတန်းတခု အမေရိကန် ဂြိုလ်တုမှ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့သည့်စနေနေ့က အီဂျစ်နိုင်ငံ ရှရမ်အယ်ရှိတ် အပန်းဖြေစခန်းကနေ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့အသွား ပျက်ကျခဲ့တဲ့ ရုရှားလေကြောင်း Kogalymavia က Airbus A 321 အမျိုးအစား လေယာဉ် ပေါ်မှာ ခရီးသည် ၂၁၇ဦးနဲ့ အမှုထမ်း ၇ ဦး၊ စုစုပေါင်း ၂၂၄ ဦးပါဝင်ပါတယ်။
ဒီလေယာဉ်ပျက်ကျမှုဟာ လေယာဉ် စက်ချို့ယွင်းမှုကြောင့် မဟုတ်သလို လေယာဉ်မှူး ရဲ့မှားယွင်းမှုကြောင့် လည်း မဟုတ်ဘူးလို့ Kogalymavia လေကြောင်းလိုင်း က ပြောဆိုလိုက်ချိန်မှာ ယခုကဲ့သို့ အမေရိကန်ဂြိုလ်တု က အပူငွေ့အလင်းတန်းကို ဖမ်းမိလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်ထွက်လာခြင်းဖြစ်ပါတယ်။
ဒီတွေ့ရှိချက်ဟာ လေယာဉ်ကို မြေပြင်မှ ဝေဟင်ပစ်ဒုံးကျဉ်နဲ့ အပစ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတွေကို လုံလောက်တဲ့ အထောက်အကူမှုမရှိဘူးလို့လည်း ဆိုပါတယ်။
အမေရိကန် ထောက်လှမ်းရေးတွေကတော့ အပူငွေ့ရှိတဲ့ ဒီအလင်းတန်းဟာ ဗုံးပေါက်ကွဲမှု သို့မဟုတ် လေယာဉ်ရဲ့ ဓာတ်ဆီတိုင်ကီပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ အပူငွေ့အလင်းတန်းဖြစ်နိုင်တယ်လို့ ယူဆ နေကြပါတယ်။
ဒီတွေ့ရှိချက်သာ ခိုင်လုံမယ်ဆိုရင် လေယဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေသူအတွက် အထောက်အကူဖြစ်လိမ့် မယ်လို့ သိရပါတယ်။
အခုအခါမှာတော့ တွေ့ရှိထားတဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကရိယာBlack Box ကို စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။