မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲကြောင့် မဲဆောက်- မြဝတီ တံတားဂိတ်ကိုသာ ဖွင့်လှစ်မည်ဖြစ် ပြီး၊ တခြားသော မဲဆောက်၊ ဖုဖရ၊ မယ်လမတ်နှင့် ထဆောင်းရမ်းတို့ရှိ တခြားသော နယ်စပ်ဖြတ်ကျော်ဂိတ်များ ကို ထိုင်းအာဏာပိုင်တို့က ယနေ့မှစ၍ နိုဝင်ဘာ ၈ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။
ထိုသို့ ပြုလုပ်ရခြင်းမှာ တချို့သော တိုင်းရင်းသား လက်နက်တပ်ဖွဲ့များ ရွေးကောက်ပွဲ ကို နှောက်ယှက် ဖျက်ဆီးပြီး ဖြတ်ကူးလာမည် စိုး၍ ဖြစ်ကြောင်း ရေးသားထားသည်။
သောင်ရင်းမြစ်ကို ဖြတ်ကာ ကုန်ပစ္စည်းများနှင့် လူများကူးသန်းသွားလာသည့် ကူးတို့ဆိပ် ၂၀ လည်း ပိတ်ထား ရမည်ဖြစ်ရာ မဲဆောက်- မြဝတီ ချစ်ကြည်ရေးတံတားမှ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှု ပိုမိုများပြားလာ လာမည်ဖြစ်သည်။
ထို့အပြင် ထိုင်းအမှတ် ၄ ခြေလျင်တပ်ရင်းနှင့် အမှတ် ၃၅ ရိန်းဂျားတပ်ရင်းကိုလည်း နယ်စပ်တလျှောက် ဖြန့်ချ ကာ လုံခြုံရေးကို ပိုမိုတိုးမြှင့် သွားမည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွင်း ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တပ်များ မြဝတီမြို့ရှိ နေရာတချို့ကို ဝင်ရောက်ပြီး ရွေးကောက်ပွဲကို နှောက်ယှက်သည့်အတွက် မြန်မာ့တပ် တော်နှင့် မြဝတီမြို့တွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။