သတင်းတို

ပြည်ပနိုင်ငံအဖွဲ့အစည်းနှင့် ဆက်သွယ်မှုမရှိသူကို မဲပေးရန် ကာချုပ်ထပ်မံသတိပေး

This article has been converted from Zawgyi One to Unicode

ပြည်ပနိုင်ငံအဖွဲ့အစည်းနှင့် ဆက်သွယ်မှုမရှိသူကို မဲပေးရန် ကာချုပ်ထပ်မံသတိပေး

အထွေထွေ ရွေးကောက်ပွဲပြုလုပ်ရန် ၄ ရက်အလို သမ္မတ ဦးသိန်းစိန်နှင့် အတူ ရခိုင်ပြည်နယ် ခရီးစဉ်ကို လိုက်ပါနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနောက်ပိုင်း စစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာ၌ “နိုင်ငံရေးနှင့်ပတ်သက်ပြီး မကြာမီ ကိုယ်တိုင်ရွေးချယ်ပေးကြရတော့ မည်ဖြစ်၍ ရွေးချယ်မှုမှန်ကန်ရန်လိုအပ်ကြောင်း၊ တိုင်းပြည်ကို ခေါင်းဆောင်နေသူသည် နိုင်ငံနှင့်ဒေသကို ဖွံ့ဖြိုးအောင်လုပ်မည့်သူ၊ ဒို့တာဝန်အရေးသုံးပါး ကို ကာကွယ်စောင့်ရှောက်မည့်သူ၊ တပ်မတော်အပေါ်နားလည်မှု ရှိသူ၊ အမြင် လေးမြင်ရှိသူ၊ အမျိုးဘာသာသာသနာနှင့်ပတ်သက်ပြီး မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံခြားသား၊ နိုင်ငံခြား တိုင်းပြည်အဖွဲ့အစည်းတစ်ခုခုဖြင့် တစ်နည်းနည်းဖြင့် ဆက်သွယ်မှုမရှိသူ၊ လွှမ်းမိုးမှု မရှိသူဖြစ်ရန်လိုကြောင်း” ထပ်မံသတိပေးပြောကြားလိုက်သည်။

ကာကွယ်ရေး ဦးစီးချုပ်သည် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်တော်တော်များများ၌ လိုက်ပါကာ ဒေသခံပြည်သူ များ၊ တပ်နယ်များမှ မိသားစုများနှင့် တွေ့ဆုံလျှက်ရှိသည်။

ဤသို့ လူသိရှင်ကြား ပြောဆိုမှုမှာ စတုထ္တအကြိမ်ဖြစ်ပြီး၊ စက်တင်ဘာလအတွင်းက ကျင်းပသည့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် တကြိမ်၊ နေပြည်တော် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် တကြိမ်၊ ကယားပြည်နယ်ခရီးစဉ်တွင် တကြိမ်ပြောဆိုခဲ့ပြီးဖြစ်သည်။

ပထမအကြိမ် စက်တင်ဘာလအတွင်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် စတင်ပြောဆိုစဉ်က တပ်မတော်၏ ရပ်တည်ချက် မူဝါဒမှာ မိမိနိုင်ငံ၊ မိမိဒေသအတွက် ကောင်းအောင်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါး အား သိရှိနားလည်စောင့်ထိန်း နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊အုပ်ချုပ်ရေး၊ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော်အပေါ်နားလည်မှုရှိသူဖြစ်စေလိုသည်ဟု ရည်ညွန်းပြောဆိုသော်လည်း နောက်ပိုင်း နေပြည်တော် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ ပြောကြားသည့် မိန့်ခွန်းမှစတင်ကာ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်သူ၊ နိုင်ငံခြားသား၊ နိုင်ငံခြားတိုင်းပြည် အဖွဲ့အစည်း တခုခုဖြင့် တစ်နည်းနည်းဖြင့် ဆက်သွယ်မှုမရှိသူ၊ လွှမ်းမိုးမှု မရှိသူဖြစ်ရန်လိုကြောင်း ထည့်သွင်းပြောဆိုလာခြင်းဖြစ်သည်။

ထိုအပြင် ယခုရခိုင်ပြည်နယ်ခရီးစဉ်တွင် တိုင်းရင်းသားများဝန်းရံထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုအပြိုကွဲ မခံနိုင်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။

Loading