ရုရှားလုပ် အင်တိုနော့ An – 12 အမျိုးအစား ကုန်တင်လေယာဉ်တစီး တောင်ပိုင်း ဆူဒန် မြို့တော် ဂျူဘားတွင် ယနေ့ ပျက်ကျသွားကြောင်း ဒေသတွင်းသတင်းကို ကိုးကား၍ ရုရှားသတင်းများတွင် ဖော်ပြထားပါတယ်။
မျက်မြင်သက်သေများအဆိုအရ လေဆိပ်မှ ပျံတက်ပြီး မကြာမီ ပျက်ကျခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
Reuter သတင်းကတော့ မျက်မြင်များကို ကိုးကားပြီး ပျက်ကျစဉ်မှာ အလောင်းပေါင်း ၄၀ကျော် တွေ့ရပြီး လေယာဉ်ပေါ်မှာ လူ ၂၀ခန့် ကျန်နိုင်တယ်လို့ ဆိုပါတယ်။
ဒေသတွင်းသတင်းတွေကတော့ လေယာဉ်ပေါ်မှာ ရုရှားလေယာဉ်အမှုထမ်း ၅ဦးနှင့် ခရီးသည် ၇ဦးပါရှိပြီး လေယာဉ်ပေါ်ပါသူများအနက် ကလေးတဦးအပါအဝင် ၂ဦးသာ အသက်ရှင်ကြောင်း South Sudan Tribune သတင်းရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။
ရုရှား နိုင်ငံခြားရေး ဝန်ကြီးကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ယူဂန ္ဓ္ဓာမှာရှိတဲ့ ရုရှားသံရုံးကလည်း အသေးစိတ်ကို စုံစမ်းနေပြီး ၊ ဘာကြေင့်ဆိုတာ မပြောနိုင်သေးကြောင်း၊ တောင်ဆူဒန် အာဏာပိုင်တွေနဲ့တော့ ဆက်သွယ်နေတယ်လို့ ဆိုပါတယ်။
ပီးခဲတဲ့ စနေနေ့ကလည်း ဆူဒန်နိုင်ငံ၏ အိမ်နီးချင်း အီဂျစ်နိုင်ငံ ဆိုင်းနိုင်ကျွန်းဆွယ်မှာ ရုရှားခရီးသည်တင် လေယာဉ်ပျက်ကျရာ လူပေါင်း ၂၂၄ဦး သေဆုံးခဲ့ပါတယ်။ ဆီးရီးယားမှာရှိတဲ့ ISတွေကို ရုရှားလေကြောင်းစစ်ဆင်ရေးပြုလုပ်ပြီး တလအတွင်း ရုရှားလေယာဉ်များပျက်ကျ မှုနှင့် ပတ်သက်ပြီး ထင်မြင်ယူဆချက် အမျိုးမျိုးထွက်ပေါ်နေပါတယ်။