သတင်းတို

ရလဒ်ကို မဲရုံ၌ကပ်မည်ဖြစ်သော်လည်းရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်မှသာအတည်ဖြစ်ဟု ဦးတင်အေးဆို

This article has been converted from Zawgyi One to Unicode

12043117_785426694918532_7960600822940751424_nမဲရေတွက်ပြီးနောက် ရွေးကောက်ပွဲရလဒ်များကို မဲရုံများနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၌ ကပ်ကာ ကြေညာမည်ဖြစ် သော်လည်း မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများမှ အဆင့်ဆင့် စိစစ် အတည်ပြုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရွေးကောက်ပွဲရလဒ် စိစစ်ရေးအဖွဲ့ကသေချာအောင်စိစစ်ပြီး ခိုင်လုံမှန်ကန်မှသာ ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်မှာဖြစ်ကြောင်း၊ မဲရုံနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ကာ ကြေည်မည့် ရွေး ကောက်ပွဲရလာဒ်ကိုယူ၍ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတို့၏ အနိုင်၊အရှုံး များကို Website ၊ Facebook နှင့် သတင်းဂျာနယ်များမှထုတ်လွှင့်ဖော်ပြမှုများရှိပါက  ၎င်းဖော်ပြချက်များမှာ အမှန်အတည် မဟုတ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မနေ့က နေပြည်တော်၌ ပြုလုပ်သည့် အစည်းအဝေးတွင် ပြောဆို လိုက်သည်။

Loading