ရွေးကောက်ပွဲဟာ ယုံကြည်လောက်စရာ မရှိဘူး၊ ရလဒ်ဟာ လက်ခံနိုင်စရာ မရှိဘူး ဆိုရင် ထိတွေ့ ဆက်ဆံရေးမျိုး လုပ်ဖို့ အမေရိကန်အတွက် ခက်သွားလိမ့်မယ်လို့ အမေရိကန် လက်ထောက် နိုင်ငံတော် လုံခြုံရေး အကြံပေး Ben Rhodes က မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ရည်ညွှန်း ပြောဆိုလိုက်ပါတယ်။
မကြာမီက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ Ben Rhodes က မြန်မာပြည်ဟာ တကမ္ဘာလုံးက စောင့်ကြည့်နေတယ်ဆိုတာကို သဘောပေါက်ပါတယ်၊ လမ်းကြောင်းမှန်မှန်နဲ့သာ ဖြစ်မြောက်သွားရင် အများကြီး အကျိုးရှိမှာ ဖြစ်တယ်၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေ တိုးတက်လာပြီး အကျိုးရှိမယ်လို့လည်း ပြောဆိုပါတယ်။
(သတင်းအပြည့်အစုံကို မကြာမီ ဖော်ပြပေးပါမယ်)