ဆိုင်းနိုင်းကျွန်ဆွယ်ပေါ်မှာ ပြီးခဲ့တဲ့ စနေနေ့က ပျက်ကျသွားတဲ့ ရုရှားခရီးသည်တင်လေယာဉ် Airbus A 321 ဟာ ဗုံးပေါက်ကွဲပြီး ပျက်ကျခြင်းဖြစ်နိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
စုံစမ်းစစ်ရေးရေးအဖွဲ့တွေကတော့ အကြမ်းဖက်သမားတွေလက်ချက်ဟုတ်မဟုတ်ကို စစ်ဆေးနေပါတယ်။
IS အဖွဲ့တော့ လေယာဉ်ပျက်ကျအပြီးမှာ သူတို့လက်ချက်လို့ ထုတ်ပြောလိုက်ပေမယ့် သက်သေသက္ကာယ တော့ ထုတ်မပြခဲ့ပါဘူး
ဗြိတိန်နိုင်ငံကတော့ အီဂျစ်က ရှရမ်အယ်ရှိတ် အပန်းဖြေစခန်းကိုသွားမယ့် လေယာဉ်ခရီးစဉ်တွေကို ရပ်ဆိုင်း လိုက်ပါတယ်။
အီဂျစ်သမ္မတကတော့ အကြမ်းဖက်သမားတွေလက်ချက်ဆိုတာကို လက်မခံပဲ ဒီလိုပြောဆိုချက်တွေဟာ အီဂျစ်ရဲ့ လုံခြုံရေးကို ထိခိုက်တယ်လို့ ဆိုလိုက်ပါတယ်။
မနေ့ကလည်း ရုရှားကုန်တင်လေယာဉ်တစီး တောင်ဆူဒန်မှာ ပျက်ကျခဲ့ပြန်ပါတယ်။