သတင်းတို

အကျဉ်းထောင်တွင်း ကျောင်းသားများ အစာငတ်ခံဆန္ဒပြမှု ၂ ဦးထပ်တိုး

This article has been converted from Zawgyi One to Unicode

hunger strikeနိုင်ငံရေးအကျဉ်းသားများလွတ်ပေးရေးအတွက် မြင်းခြံထောင်အတွင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့်ဝန်းရံပြည်သူများထဲမှ  ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင်တို့မှ ယနေ့ (နိုဝင်ဘာ ၅ ရက်)မှစတင်ကာ အစာငတ်ခံ ဆန္ဒပြနေ ကြောင်း သတင်းရရှိသည်။
သာယာဝတီအကျဉ်းထောင်အတွင်း အစားငတ်ခံ ဆန္ဒပြတောင်းဆိုသူ ကျောင်းသား ၇ ဦးရှိသည့်အတွက် စုစုပေါင်း ၉ ဦးအထိရှိလာပြီဖြစ်ပြီး ထပ်မံတိုးလာနိုင်တဲ့ အခြေအနေရှိကြောင်းလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ(ဗကသ) ထံမှသိရသည်။
အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုကို စတင်ခဲ့သည့် ကိုအောင်မှိုင်းဆန်း(ဓာတ်ပုံပါ) မှာ ယနေ့အထိ ဆန္ဒထုတ်ဖော်မှု ၁၄ ရက်မြောက်ရှိပြီ ဖြစ်ပြီး ၎င်းအား အကျဉ်းထောင်ဆေးရုံ  အပေါ်ထပ်တွင် ထားရှိထားသည့်အတွက် အားနည်းနေသူတဦးအနေဖြင့် အသက်အန္တရာယ်ရှိကြောင်း ၎င်း၏ဇနီးဖြစ်သူ မလဲ့လဲ့နွယ်က ဧရာဝတီသို့ပြောသည်။
Loading