သတင်းတို

အိမ်နီးချင်းနိုင်ငံတွေက မြန်မာ့ရွေးကောက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်

This article has been converted from Zawgyi One to Unicode

12208785_1108281185882699_3711319594448518132_n

မြန်မာ့ရွေးကောက်ပွဲကိုအိမ်နီးချင်းနိုင်ငံတွေကအထူး လေ့လာ စောင့်ကြည့်နေကြပြီး အောင်မြင်ပြီး မြောက်အောင် ဆောင်ရွက်နိုင်တယ်လို့ မျှော်လင့်နေကြကြောင်း Al Jazeera  သတင်းမှာ တင်ပြထားပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံက နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေကလည်း ဒီရွေးကောက်ပွဲ အောင်မြင်ပြီးဆုံး ခဲ့ပြီး အနိုင်ရ ပါတီကို အာဏာပုံပေးခဲ့ရင် မြန်မာပြည်မှာ တည်ငြိမ်မှု၊ အေးချမ်းမှုတွေ ရလာမှာ ဖြစ်တဲ့အပြင် နယ်စပ်ဒေသတွေမှာလည်း တည်ငြိမ်မှုတွေ ပိုပြီးရလာနိုင်တယ်လို့ မျှော်လင့်နေကြောင်း သတင်းဌာနက ရေးသားထားသလို ထိုင်းအခြေစိုက် သတင်းဌာနတွေက သတင်းထောက်တော်တော်များများဟာလည်း မြန်မာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရေးသားဖို့ အများအပြားသွားရောက်နေကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲတွေ လျောလျောမွေ့မွေ့ မပြီးဘဲ နောက်ပိုင်းမှာ မတည်မငြိမ်မှုတွေ ဖြစ်ခဲ့ရင်တော့ ဒေသတွင်း တည်ငြိမ်မှုနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ထိခိုက်နိုင်ကြောင်း စိုးရိမ်မကင်း ပြောဆိုထားပြီး ထိုင်းနိုင်မှာ ဆိုရင် ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ သန်းပေါင်းများစွာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ မလေးရှားနဲ့ စင်ကာပူမှာ ဆိုရင်လည်း မြန်မာလူငယ်တွေ အများအပြား အလုပ်အကိုင် ရှာဖွေနေကြတာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်မှာတော့ စစ်ပွဲတွေကြောင့် ဒုက္ခသည်တွေ ခိုလှုံတဲ့ စခန်းတွေ ဖွင့်လှစ်ထားနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ ကုန်သွယ်ဖက် မိတ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း ဒီရွေးကောက်ပွဲကို အထူးစောင့်ကြည့်နေပြီး မည်သူပဲ နိုင်နိုင် နိုင်တဲ့ပါတီ အစိုးရနဲ့ ရှေ့ဆက်ပြီး ဆက်ဆံရေး အရှည်သဖြင့် ထူထောင်သွားဖို့ ဆန္ဒရှိကြောင်း ဖော်ပြထားပါတယ်။

တရုတ်သမ္မတကြီး ရှီကျင့်ပင်း (Xi Jinping) ဟာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထူးထူးခြားခြား ပီကင်းကို ဖိတ်ခေါ်ပြီး နိုင်ငံတော် အဆင့်လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Loading