သတင်းတို

ရုရှားနှင့် အီဂျစ်အကြား လေယာဉ်ပျံသန်းမှု ယာယီရပ်ဆိုင်း

This article has been converted from Zawgyi One to Unicode

Airရုရှားနှင့် အီဂျစ် အကြားပျံသန်းသည့် လေကြောင်းလိုင်းများကို ရုရှားသမ္မတ ပူတင်သဘောတူညီချက်အရ မနေ့က စတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ် စနေနေ့က ဖြစ်ပွားခဲ့တဲ့ ခရီးသည် ၂၂၄ ဦး သေဆုံးခဲ့ရသော ဆိုင်းနိုင်ကျွန်းဆွယ်ပေါ် ၌ ရုရှားလေကြောင်းလိုင်းမှ Aribus  A -321 လေယာဉ်ပျက်ကျမှုမှာ ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း လေယာဉ်ပျံသန်းမှု မှတ်တမ်း(Black Box)က ဖော်ပြပြီးနောက် အခုလို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

“အီဂျစ်ကို ပုံမှန်ပျံသန်းနေတဲ့ ရုရှားလေကြောင်းလိုင်း ၉ခုနဲ့ ရုရှားလေဆိပ် ၂၀ ကျော်ဆီကို သင့်လျော်တဲ့ သတိပေးချက်တွေကို ပို့ထားပြီးဖြစ်တယ်လို့ ရုရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီး မာရှန် ဆိုကိုလော့ဗ်က ကြေညာပါတယ်။

ဒုဝန်ကြီးချုပ် Arkady Dvorkovich ကလည်း လုံခြုံရေးအတွက် အခုလို ရပ်ဆိုင်းလိုက်ရမှုအပေါ် ဆိုင်းနိုင်းကျွန်းဆွယ်သို့ သွားမည့် ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် နားလည်ပေးရန် ပန်ကြားခဲ့ပါတယ်။

လတ်တလောမှာတော့ ရုရှားခရီးသွား ၄သောင်းနှင့် ၇သောင်းအကြား အီဂျစ်က ပင်လယ်နီအပန်းဖြေစခန်း တွေမှာ ရောက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ အပတ် စနေနေ့က ဖြစ်ပွားခဲ့တဲ့ ခရီးသည် ၂၂၄ ဦး သေဆုံးခဲ့ရသော ဆိုင်းနိုင်ကျွန်းဆွယ်ပေါ် ၌ ရုရှားလေကြောင်းလိုင်းမှ Aribus  A -321 လေယာဉ်ပျက်ကျမှုမှာ ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်ကြောင်း လေယာဉ်ပျံသန်းမှု မှတ်တမ်း(Black Box)က ဖော်ပြပြီးနောက် အခုလို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဆိုင်းနိုင်းကျွန်း ဆွယ်သို့ ပျံသန်းမှုကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

Loading