သတင်းတို

လွိုင်လင် မြို့နယ်၌ မဲလက်မှတ်များ မှားယွင်းမှုဖြစ်

This article has been converted from Zawgyi One to Unicode

SoftNews2ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်၌ မဲလက်မှတ်များမှားယွင်းနေကာ မိုင်းဖြတ်မြို့နယ်မှ မဲလက်များ ဖြစ်နေကြောင်း သိရသည်။

“လွိုင်လင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် လက်မှတ်အစား မိုင်းဖြတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း လက်မှတ်တွေ ဖြစ်နေတာတွေ တွေ့ရတယ်။ သူတို့ကတော့ ချက်ခြင်းလဲပေးပါတယ်။ ဒီလို မှားယွင်းမှုမျိုးကတော့ မဖြစ်သင့်ပါဘူး” ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားပြု လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းရွှေအုံက ဧရာဝတီကို ပြောသည်။

မြို့နယ်မဲလက်မှတ် စာအုပ်မှားသည့်ကိစ္စနှင့် ပတ်သတ်ပြီး လွိုင်လင်ခရိုင် ရွေးကောက်ပွဲ အရာရှိဦးသိန်းနိုင်က “ မိုင်းဖြတ်မြို့နယ် မဲလက်မှတ် စာအုပ် မှားပါတာ ဟုတ်ပါတယ်။ မဲလက်မှတ်စာအုပ် အစည်းလိုက်ထဲမှာ ကပ်ပါလာတာ။ ပြသာနာ မရှိပါဘူး။ ကျနော်တို့ ဖယ်လိုက်ပါပြီ” ဟု ဧရာဝတီကို ပြောသည်။

လွိုင်လင်ခရိုင်အတွင်း မြို့နယ် ၅ မြို့နယ်ရှိပြီး လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ်၊ မိုင်းကိုင်မြို့နယ်နှင့် လဲချားမြို့နယ်တို့တွင် မဲရုံများထားရှိကာ လွိုင်လင်ခရိုင် တခုလုံးတွင် မဲဆန္ဒရှင် ၂သိန်း ၈ သောင်းကျော်ရှိကြောင်း သိရသည်။

ဧရာဝတီအကြီးတန်း သတင်းထောက် နန်းဆိုင်နွမ် သတင်းပေးပို့သည်။

Loading