သတင်း

၂၀၁၅ ရွေးကောက်ပွဲ နောက်ဆုံးရ သတင်းများ

This article has been converted from Zawgyi One to Unicode

ယနေ့ ရွေးကောက်ပွဲ မဲပေးကြသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်နယ်နှင့် တိုင်းများတွင် ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်များက ပေးပို့သည့် နောက်ဆုံးရ သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ ရွေးကောက်ပွဲ သီးသန့် သတင်းများကို မြန်မာဘာသာအင်္ဂလိပ်ဘာသာတို့နှင့်လည်း ဤနေရာနဲ့ ဤနေရာ တွေမှာ ဖတ်ရှုနိုင်ပါသည်။ ဧရာဝတီ ဖေ့စ်ဘုတ် စာမျက်နှာ နဲ့ Irrawaddy Liveblog မှာလည်း ဖတ်ရှုနိုင်ပါသည်။

-မအူပင်မြို့နယ်၊ ၅ ရပ်ကွက် မဲရုံ ၁ မဲရုံ ၂ တွင် ပြည်သူ့လွှတ်တော်ဆန္ဒမဲ ရေတွက်ပြီးချိန်တွင် NLD 1056 + 64 (ကြိုတင်မဲ)= 1120 မဲဖြင့် ဦးဆောင်နေပြီး ကြံ့ခိုင်ရေး ပါတီသည် 287 + 36 = 323 မဲသာရရှိပါသည်။

-ကြံ့ခိုင်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေကို မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ တွင် NLD မှ ဦးပြူးလွင် အနိုင်ရရှိသွားပြီ ဖြစ်ကြောင်း NLD ပါတီက တရားဝင် ကြေညာလိုက်သည်။

-မရမ်းကုန်းမြို့နယ်တွင် NLD ဒေါက်တာမေဝင်းမြင့် မဲအပြတ်အသတ်ဖြင့် ဦးဆောင်နေ၊ ကြံ့ခိုင်ရေးမှ စီးပွား/ကူးသန်း ဒုဝန်ကြီးဒေါက်တာပွင့်ဆန်း အရေးမလှ

-ဗိုလ်တထောင်မြို့နယ် အမှတ်၈ရပ်ကွက် မဲရုံ အမှတ်၂၇၊ တိုင်းဒေသကြီး လွှတ်တော်မဲပုံးတွင် ၃၂၃မဲ၊ အမျိုးသားလွှတ်တော်မဲပုံးတွင်၃၂၃၊ ပြည်သူ့လွှတ်တော်မဲပုံးတွင် ၃၂၀ ရှိပြီး ကြိုတင်မဲ ၄၈ မဲ ရှိသည်။
ကြိုတင်မဲများကို ဖွင့်ဖောက်စစ်ဆေးရာ ပြည်သူ့လွှတ်တော်တွင် NLD က ၁၁မဲ၊ USDP က၂မဲ၊ အမျိုးသားတိုးတက်ရေးပါတီက ၁ မဲနှင့် ပယ်မဲ ၂ မဲ ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် NLD ၁၂ မဲ၊ USDP က၂ မဲ၊ ပယ်မဲ ၂ မဲ၊ တိုင်းဒေသကြီး လွှတ်တော်တွင် NLD က ၁၃ မဲ၊ USDP က၂မဲနှင့် ပယ်မဲ၁မဲတို့ ဖြစ်သည်။

-ဟင်္သာတမြို့ တာငါးဆယ်တောင်ရပ်ကွက် မဲရုံ အမှတ် (၇) မှာ မဲတွေ စတင်ရေတွက်နေပါပြီ။ ပထမဆုံး စတင်ရေတွက်တဲ့ ပြည်သူ့လွှတ်တော်အတွက် ကြိုတင်မဲ ၁၆၇ မဲမှာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးဌေးဦးက ၈၂ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးခင်မောင်ရီက ၇၈ မဲ၊ အမျိုးသားတိုးတက်ရေးပါတီက ဒေါ်သန္တာအောင်က ၁ မဲ၊ တစည ပါတီက ဦးမန်းသိန်းလွင်က ၂ မဲ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား တိုးတက်ရေးပါတီက ဦးကြည်ရွှေက ၁ မဲ၊ ပယ်မဲ ၃ မဲ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ အမျိုးသားလွှတ်တော် ကြိုတင်မဲများ ဆက်လက် ရေတွက်နေပါတယ်။

-ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း မဲလက်မှတ်များ စတင်ရေတွက်လျက်ရှိရာ ရခိုင်အမျိုးသား(ANP)ပါတီက ဦးဆောင်နေကြောင်း သိရသည်။
စစ်တွေမြို့ ဘောလုံးကွက် ရပ်ကွက်၊ မဲရုံ အမှတ် ၁ နှင့် ပြည်တော်သာ ရပ်ကွက်များတွင် ဆန္ဒမဲများ စတင်ရေတွက်နေပြီး ANP က ထိပ်ဆုံးမှ ဦးဆောင် နေကြောင်း၊ ဒုတိယတွင် အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် ရခိုင်မျိုးချစ်ပါတီက တတိယလိုက်နေကြောင်း မဲရေတွက်မှုကို စောင့်ကြည့်နေသည့် ရခိုင်ပြည်နယ် အခြေစိုက် ဧရာဝတီ သတင်းထောက်က သတင်းပေးပို့သည်။

-နေပြည်တော်၊ ဇဗ္မူသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက် မဲရုံ အမှတ် ၁ နှင့် မဲရုံ အမှတ် ၂ တွင် မဲများပိုနေကြောင်း သိရှိရသည်။ မဲရုံအမှတ် ၁ တွင် မဲ ၅ မဲ ပိုနေပြီး မဲရုံအမှတ် ၂ တွင် မဲရာချီပိုနေကြောင်း သိရှိရသည်။ အဆိုပါမဲများ မည်သည့်အကြောင်းကြောင့် ပိုနေသည်ကို မဲရုံမှူးက ရှင်းမပြနိုင်ဘဲ ပိုနေသော မဲများကို ပယ်မဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

-မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အင်ပျံကျေးရွာတစ်ရွာလုံး မဲပေးခွင့်မရတာကို ရွေးကောက်ပွဲနေ့မှသာသိရှိရ၊ မဲပေးခွင့်ဆုံးရှုံး (ဖတ်ရှုရန်)

-ဇေကမ္ဘာဦးခင်ရွှေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုမဲပေးခဲ့ကြောင်း ဧရာဝတီသို့ပြောသည်။ (ဖတ်ရှုရန်)

-လူအုပ်ဖြင့် လိမ်လည်ပြီး မဲပေးရန် ကြံ့စည်မှု မန္တလေးတွင် ဖြစ်ပွား (ဖတ်ရှုရန်)

-သမ္မတ ဦးသိန်းစိန်နဲ့ ဧရာဝတီတို့ရဲ့ လျှပ်တပြက် အမေးအဖြေ (ဖတ်ရှုရန်)

-ရှမ်းပြည်နယ်၊ နမ့်ခမ်းနှင့်ပန်ဆေးတွင် ကြံ့ခိုင်ရေး မဲရုံကိုယ်စားလှယ်မှလွဲ၍ ကျန်ပါတီ မဲရုံကိုယ်စားလှယ်များ မဲရုံတွင်း ဝင်ရောက်ခွင့်မပြုမှုကြောင့် ပြဿနာ တက်နေ (ဖတ်ရှုရန်)

-ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သူဌေးကွင်းကျေးရွာနှင့် ကရင်ဆိပ်ကျေးရွာများမှာ NLD မဲမထည့်ရေး လက်ကမ်း စာရွက်များ မဘသ ဝေငှခဲ့တာကြောင့် လိုက်လံ သိမ်းဆည်းခဲ့ရပါတယ်။ (ဓာတ်ပုံကြည့်ရှုရန်)

-ကျောက်ဖြူ နှင့် အမ်းမဲဆန္ဒနယ်များ၏ အခြေအနေတွေကို ဧရာဝတီ သတင်းထောက် ခင်ဦးသာက သတင်းပေးပို့ထားတာကို ဒီနေရာမှာ နားထောင်ပါ။

-ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူ း မဲဆန္ဒနယ် အခြေအနေကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက သတင်းပေးပို့ထားတာကို ဒီနေရာမှာ နားထောင်နိုင်ပါတယ်

-စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဘုတလင်မြို့ကနေ ရွေးကောက်ပွဲနေ့ အခြေအနေကို ဧရာဝတီ သတင်းထောက် သစ်နေမိုးက သတင်းပေးပို့ထားတာကို ဒီနေရာမှာ နားထောင်ပါ

-မုံရွာမှာ မဲပေးသူ များပြားပြီး မဲပေးဖို့ စီစဉ်ထားတာတွေ အဆင်မပြေတဲ့အတွက် လူတွေ တန်းစီစောင့်ဆိုင်းနေရပါတယ်။ အောင်ချမ်းသာရပ်ကွက် နေသူများက မဲပေးသူတွေအတွက် ထမင်းထုပ်တွေ စီစဉ်ပေးနေပါတယ်။ (ဓာတ်ပုံများ ကြည့်ရှုရန်)

-ထားဝယ်မြို့ပေါ်ရပ်ကွက် မဲရုံတိုင်းတွင် မဲပေးရန် စောင့်ဆိုင်းနေသူ မဲရုံ ၁ ရုံလျှင် ၂၀၀ ဝန်းကျင်မှ ၃၀၀ ကြားအထိရှိပြီး နံနက် ၈ နာရီ ကျော်က မဲရုံအမှတ် ၄၉၊ ကြက်စားပြင်ရပ်ကွက် မဲရုံတွင် အဖွားအိုတဦး မူးလဲပြီး အမှတ်စဉ် ၁၁ သင်္ဘောဆိပ်ရပ်ကွက် ကိုယ်ဝန်ဆောင်တဦး မူးမေ့လဲကျခဲ့သည်ဟု သိရသည်။ (အပြည့်အစုံ ဖတ်ရန်)

-NLD ပါတီ အနိုင်ရရင်လည်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲပေးပြီးနောက် သတင်းမီဒီယာများကို ပြောကြားလိုက်ပါတယ်။ (အပြည့်အစုံဖတ်ရန်)

-ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ အေးသာယာရပ်ကွက် မဲရုံအမှတ် ၁၅၊ ၁၆၊ ၁၇ မှာ မဲစာရင်းအမှားတွေများကြောင်း သိရပါတယ်။ ပုံစံ ၃ နဲ့ ပြန်လျှောက် ရာမှာလည်း ထပ်မှားနဲ့ ပုံစံ ၁ နဲ့ ထပ်လျှောက်ရတယ်လို့ ဆိုပါတယ်။ မနေ့ ညကမှစလစ်ရပြီး ဒီနေ့ မဲထည့်မယ်ဆိုတော့ စလစ်နံပါတ်ထောင်ကျော်တွေ ဖြစ်နေလို့ ရပ်ကွက်ရုံးမှာ ထောက်ခံစာပြန်ယူပြီးမှ ထည့်လို့ရမယ်လို့ သိရပါတယ်။

-ဒေါ်အောင်ဆန်းစုကြည် ဗဟန်းမြို့နယ်၊ အခြေခံပညာအမှတ် ၃ မူလတန်းကျောင်း (မူလွန်) မဲရုံတွင် မဲပေး၊ မဲပေးပြီးနောက် ကော့မှူးမြို့နယ်သို့ ခရီးဆက်။ (ဓာတ်ပုံများ ကြည့်ရှုရန်)

-ဒကိ္ခဏသီရိမြို့နယ် ကျေးစာဥကျေးရွာမဲရုံ တာဝန်ကျမဲရုံမှူး အမျိုးသမီးက မဲဆန္ဒရှင်များကိုယ်စား လျို့ဝှက်မဲပေးခန်းအထိ လိုက်၍ တံဆိပ်တုံးများ ကိုယ်စားထုပေးနေသဖြင့် မဲရုံကိုယ်စားလှယ်အချိူ့နှင့် မဲဆန္ဒရှင်များက ဝိုင်းဝန်း ကန့်ကွက်နေကြကြောင်း သိရသည်။ ယင်းမဲရုံမှူးက မဲဆန္ဒရှင် ၅၀ ကျော် ကိုယ်စား တံဆိပ်တုံးထုပေးခဲ့သည့်အတွင် မြို့နယ် ရွေးကောက်ပွဲ ကာ်မရှင်ဥက္ကဋ္ဌ က ယင်းလုပ်ရပ်ကို ဆက်မလုပ်ရန် တားမြစ်ခဲ့ရကြောင်း သိရသည်။

-ရှမ်းပြည်နယ် တောင်ပိုင်းမြို့နယ် ဆီဆိုင်မြို့နယ် နောင်ကော ကျေးရွာ အုပ်စု ဘုရားဖြူ ရွာ မဲရုံ၌ ကြိုတင်မဲလာရောက်အပ်နှံရာ ပုံးဖြင့် ချိတ်ပိတ်အပ်နှံခြင်းမဟုတ်ဘဲ ကြိုတင်မဲများကို အထုတ်ဖြင့်လာရောက်အပ်နှံသဖြင့် မဲရုံ မှူးက လုံးဝလက်မခံခဲ့ကြောင်း သိရသည်။ (အပြည့်အစုံ ဖတ်ရန်)

-နေပြည်တော် ဇဗ္မူသီရိမြို့နယ်တွင် မဲပေးခွင့်မရသူ ၂၀ ကျော်ရှိနေ၊ မဲပေးခွင့်မရသူ အရေအတွက် ဆက်လက်တိုးတက်လျက်ရှိ။ (ဆက်လက်ဖတ်ရှုရန်)

-အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချယ်သည် ယနေ့ မနက်ပိုင်း ေတာင်ကြီးမြို့ရွေးကောက်ပွဲ ကျင်းပသည်ကို လာရောက်လေ့လာပါတယ်။

-နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးဝန်းအတွင်း စံပယ်ရိပ်သာ မဲရုံ ၃ မှ ၅ အထိ နှင့် အနော်ရထာရိပ်သာ မဲရုံ အမှတ် ၆ သို့ တပ်တွင်းမဲဆန္ဒရှင်များ ယနေ့မနက် ၇ နာရီက လာရောက်မဲပေးနေကြပြီဖြစ်သည်။ (ဓာတ်ပုံများ ကြည့်ရှုရန်)

-စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက် မဲပေးမှု မြင်ကွင်းများ ကြည့်ရှုရန်

-မွန်ပြည်နယ်၊ မော်လမြိုှုမြို့တွင် မဲပေးတဲ့ မြင်ကွင်းများ ကြည့်ရှုရန် ဒီနေရာကို သွားပါ

-ကယားပြည်နယ်၊ လွိုင်ကော်မြို့ မဲပေးမှု မြင်ကွင်းများကို ဒီနေရာမှာ ကြည့်ရှုပါ

-မြစ်ကြီးနားမြို့နယ် ရန်ကြီးအောင်ရပ်ကွက်မှာ ကြိုတင်မဲကို မရေတွက်ဘဲ ညနေ မဲရုံပိတ်ချိန်ကျော်မှ ရေတွက်မယ်လို့ မဲရုံတာဝန်ရှိသူတွေက ပြောဆိုတာမို့ အဲဒီအပေါ်မှာ အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ (အပြည်အစုံဖတ်ရန်)

-ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ၊ ဘုရားဖြူ ရပ်ကွက် နယ်မြေ ၄ အ.မ.က မူလွန် မဲရုံ အမှတ် ၁ တွင် ယနေ့ နံနက် ပိုင်းတွင် မြင်ရသည့် မြင်ကွင်းများကို ကြည့်ရှုရန်

-သူရဦးရွှေမန်း၏ဇာတိ ကညွတ်ကွင်းအပိုင်၊ ကွင်းနောက် ၂ ရပ်ကွက် မဲရုံအမှတ် ၁ တွင် မဲပေးရန် ရောက်ရှိတဲ့ မြင်ကွင်းများကို ဒီနေရာမှာ ကြည့်ရှုပါ

-ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်၊ စီတာပူရပ်ကွက် မဲရုံအမှတ် ၁၅ တွင်မဲပေးကြသည့် မြင်ကွင်းများ ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်

-မန္တလေးမြို့အောင်မြေသာစံမြို့နယ်အတွင်း လက်ရှိမဲပေးနှုန်းမှာ တနာရီလျင် ၁၇၄ ယောက်နှုန်းရှိသည်ဟု အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် မဲရုံတာဝန်ရှိသူတဦးက ပြောပြသည်။

-ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၅) ရပ်ကွက် မဲရုံအမှတ် (၁) တွင် မှင်ယိုစိမ့်မှုဖြစ်ပွားဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ လက်ရှိတွင် အဆိုပါမဲတံဆိပ်တုံးများကို လဲလှယ်ပေးနေသော်လည်း မဲတံဆိပ်တုံးအများစု မင်ယိုစိမ့်မှုမှာ အခြားသော မဲရုံများတွင် ဖြစ်ပွားလျက်ရှိသည်။

Loading