ကော့မှူးမြို့နယ်၊ တလုတ်ထော်ကျေးရွာ အုပ်စု၊ ကရင်စု ကျေးရွာ အမှတ် ၂ မဲရုံရှေ့တွင် ယနေ့ နံနက်ပိုင်းက မဲလာထည့်သူတဦး ရုတ်တရက် လဲကျ သေဆုံး သွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူမှာ ကော့မှူးမြို့နယ် အုတ်ကျင်းကျေးရွာမှ အသက် ၄၉ နှစ်အရွယ် ဦးစိန်ဝင်းဆိုသူ ဖြစ်ကြောင်း ဦးစိန်ဝင်း၏ ညီဝမ်းကွဲ တော်စပ်သူ ဦးကျော်စိုးမိုးက ဧရာဝတီသို့ ပြောသည်။
သေဆုံးသူ ဦးစိန်ဝင်း၏ အလောင်းကို ကော့မှူးမြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသည့် အကြောင်းအရင်းကို မသိရသေးပေ။