ကမ္ဘာ့အရပ်အရှည်ဆုံးစာရင်းတွင် ပါဝင်သည့် ၈ပေ ၈လက်မကျော်(၂၆၉ စင်တီမီတာ)ရှိ ထိုင်းနိုင်ငံသား Pornchai Saosri (၂၆နှစ်)သည် ယနေ့နံနက် ၁၀နာရီ ၅မိနစ်တွင် ဆူရင်ပြည်နယ် ပရာဆတ်ခရိုင် Takaeo ကျေးရွာနေအိမ်တွင် ကွယ်လွန်သွားကြောင်း မိခင်ဖြစ်သူကဆိုသည်။
သူဟာ ပုံမှန်မဟုတ်ပဲ ကြီးထွားနေခြင်းဖြစ်ပြီး သွေးတိုးရောဂါလည်း ခံစားနေရသူဖြစ်သည်၊ အဖျားဝေဒနာ ခံစားနေရသည့် သူ့ကို ဆေးရုံတွင် ၈ရက်ခန့်တက်ရောက်ကုသပြီးနောက် အိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်။