Politics

မြန်မာ့ ရွေးကောက်ပွဲ ဒီမိုကရေစီသို့ ဦးတည်သည့် ခြေလှမ်းဟု ဗြိတိန် ဝန်ကြီးချုပ် ပြော

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီသို့ ဦးတည်သည့် ခြေလှမ်း ဖြစ်သည်ဟု ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောဆိုလိုက်ကြောင်း ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးက ထုတ်ပြန်သည်။

လွတ်လပ်သော ရွေးကောက်ပွဲတခုဟုလည်း နိုဝင်ဘာ ၁၀ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန်ချက်တွင် သုံးနှုန်းခဲ့ပြီး ယခု သမိုင်းဝင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းအတွက် အရေးပါကြောင်း၊ အပြောင်းအလဲအတွက် ၎င်းတို့၏ ဆန္ဒကို ရှင်း လင်း စွာ ထုတ်ဖော်ခဲ့သည့် မြန်မာ ပြည်သူများအတွက်လည်း အောင်ပွဲဖြစ်ကြောင်း ဒေးဗစ် ကင်မရွန်းက ပြောဆိုသည်။

ထောင်နှင့်ချီသော ပြည်သူများက ၎င်းတို့၏ အခွင့်အရေးဖြစ်သည့် ဆန္ဒမဲထည့်ရန်အတွက် ငြိမ်းချမ်းစွာ စီတန်းနေသည်ကို တွေ့ခဲ့ရ သည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း၊ မဲပေးသူများကလည်း လျှို့ဝှက်ဆန္ဒမဲများကို တည်ငြိမ်စွာ လာရောက်ပေးခဲ့ကြသည်ဟု လေ့လာ စောင့်ကြည့်သူများ၏ တင်ပြချက်ကို ကြိုဆိုကြောင်းလည်း ဗြိတိန် ဝန်ကြီးချုပ်က ပြောသည်။

ထို့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အစိုးရသစ် ဖွဲ့စည်းချိန်တွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် စနစ်ကျသော အပြောင်း အလဲ ဖြစ်ပေါ်စေရန်အတွက် နိုင်ငံရေး ပါတီ အားလုံး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံး၍ တာဝန် ယူမှုရှိသော အစိုးရတရပ်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံက ကူညီပံ့ပိုးရန် အဆင်သင့်ရှိကြောင်းလည်း ထုတ်ပြန်ချက် က ဆိုသည်။

Loading