တပ်မတော်အနေဖြင့် ရွေးကောက်ပွဲအလွန်ကာလ အစိုးရသစ်နှင့် လက်တွဲ၍ အကောင်းဆုံးဖြစ်အောင် လုပ် ဆောင်ကြမည်ဖြစ်ကြောင်း ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြုလုပ်သည့် တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ၏ ပြောကြားလိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူရွေးချယ်ခဲ့သော ကိုယ်စားလှယ်တချို့မှာ လက်တွေ့တွင် မျှော်လင့်ထား သလောက် လုပ်ဆောင်နိုင်မှု မရှိခဲ့ကြောင်း၊ ယခု ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အင်အားများပြားသည့်အတွက် စိစစ်ရွေးချယ်မှု အားနည်းနိုင်သော်လည်း အများကယုံကြည်မှု ဖြင့် မဲပေးခဲ့သည့် ကိုယ်စားလှယ်များအနေဖြင့် ယုံကြည့်သည့် အတိုင်းဖြစ်လာမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။
တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေး ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး မည်သည့်အစိုးရ တက်သည်ဖြစ်စေ စံပြတပ်မတော်(Standard Army )ဖြစ်ရေးအတွက် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး ၄ရပ်အား တပ်မတော် အစဉ်အလာ ၁၂ရပ်နှင့် အညီ အရှိန်အဟုန်မပျက် ဆက်လက်လုပ် ဆောင်ကြရမည်ဖြစ်ကြောင်း ပြောသည်။
တပ်တွင်းရွေးကောက်ပွဲနှင့် ပတ်သက်၍ တပ်ရင်း/တပ်ဖွဲ့များအတွင်း မဲပေးရာ၌ တချို့မှားယွင်း လုပ်ဆောင် မှုများရှိနိုင်ရာ ရိုးသားစွာ မှားယွင်းလုပ်ဆောင်ခြင်းဖြစ်နိုင်သလို ကြိုတင်မဲနှင့်စပ်လျဉ်း၍ မှားယွင်းမှုများ စိစစ်ဖော်ထုတ်ရပါက တာဝန်ရှိသူများကိုလည်း စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုသွားသည်။
ရွေးကောက်ပွဲရလာဒ်များ ကြေညာမှု မပြီးဆုံးသော်လည်း နေရာအများစုတွင် အနိုင်ရနေပြီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့ နိုဝင်ဘာ ၁၁ရက်နေ့က သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဆွေးနွေးရန် အကြောင်းကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကိစ္စရပ်များ ပြီးဆုံးသွားလျှင် တွေ့မည်ဟု အကြောင်းပြန်ကြား ခဲ့သည်။