ထိုင်း- တရုတ်လေတပ်တို့ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်
This article has been converted from Zawgyi One to Unicode
Falcon Strike ၂၀၁၅ လို့ အမည်ပေးထားတဲ့ ထိုင်း- တရုတ် လေတပ်တို့ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေကျင့်မှု ကို ယနေ့မှစတင်ကာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ထိုင်းလေတပ်စခန်း ကိုရတ် တွင် ပြုလုပ်မည်ဟု တရုတ်ကာ ကွယ်ရေးဝန်ကြိးဌာန ကိုကိုးကား၍ Bangkok Post သတင်းတွင် ဖော် ပြထားပါတယ်။
ပူးတွဲလေ့ကျင့်ရတဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံလေတပ်အကြား နားလည်မှုပိုမိုရှိဖို့ ပိုမိုလေ့လာနိုင်ဖို့ဖြစ်ပြီး ဒီလိုလုပ်ခြင်းဖြင့် ပိုမိုယုံကြည်မှုရရှိကာ ချစ်ကြည်ရင်းနှင်းစေတယ်လို့လည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကတည်း အစဉ်အလာမပျက်ဆက်ဆံခဲ့တဲ့ အမေရိကန် ထက် ဒေသတွင်းနိုင်ငံတွေအပြင် တရုတ်နဲ့ ဆက်ဆံရေးကို ပိုမိုတိုးချဲ့လာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့လည်း ဒေသတွင်းမှာ ငွေကြေးနဲ့ အခြေခံအဆောက်အအုံတွေ အကူအညီပေးကာ သြဇာပိုမို ထူထောင်လာနေသလို တောင်တရုတ်ပင်လယ်အတွင်း စစ်ရေးတိုးချဲ့မှုတွေကြောင့် တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။