သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမားတွေ့မယ်
This article has been converted from Zawgyi One to Unicode
သမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်သမ္မတ အိုဘာမားနဲ့ လာမယ် တပတ်အတွင်းမှာ မလေးရှားနိုင်ငံမှာ ပြုလုပ်မယ့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးပွဲ အပြီးမှာ တွေ့ဆုံမယ်လို့ အိမ်ဖြူတော် အမျိုးသား အကြံပေး ပုဂ္ဂိုလ် Ben Rhodes ပြောဆိုချက်ကို ကိုးကားပြီး VOA သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေအတွက် အရှိန်အဟုတ်ကြီးမားတဲ့ အခွင့်အရေးတရပ်လို့လည်း ဆိုလိုက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း အားရစရာကောင်းတယ် လို့ သူကဆိုပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်က “အကယ်၍ ရွေးကောက်ပွဲဟာ မယုံကြည်ရဘူး၊ ရလဒ်တွေက မမှန်ကန်ခဲ့ဘူး ဆိုရင် ၂ နိုင်ငံ ဆက်ဆံရေးတွေ ခက်ခဲသွားနိုင်ကြောင်း” Ben Rhodesက ပြောဆိုခဲ့ပေမယ့်၊ ရွေးကောက်ပွဲ အပြီး မနေ့ကတော့ သမ္မတ ဦးသိန်းစိန်ထံ အမေရိကန် သမ္မတ အိုဘားမားက ချီးကျူးစကား ဖုန်းဆက်ပြောကြားခဲ့ပါ တယ်။